By Min Thu in Myanmar Mobile Users Group (Files) · Edit Doc
ကျနော်အခုတင်ပြမယ့်
အကြောင်းကတော့ Lenovo IdeaPad A1 ကို ICS သို့ ကူးပြောင်းခြင်းပဲ
ဖြစ်ပါတယ်၊ A1 မှာ ပါလာတဲ့ Operating system Android 2.3 ကို အခု Ice Cream
Sandwich 4.0.4 ကို ထဲ့သွင်းမှာပဲ ဖြစ်ပါတယ်၊ အဲဒီလို မပြုလုပ်မီ
အောက်ကအကြောင်းတွေကို အနည်းငယ် ရှင်းပြလိုပါတယ်။
1. A1 ကို ClockWordMod Recovery တင်ခြင်း
2. ClockWordMod မှတစ်ဆင့် A1 ကို Root ပြုလုပ်ခြင်း
3. Root ပြုလုပ်ပြီးသော A1 အား မြန်မာဖောင့်ထည့်သွင်းခြင်း
1. A1 ကို ClockWordMod Recovery တင်ခြင်း။
A1 အား ClockWordMod Recovery တင်ရန်အတွက် cwm-5.0.2.7-rev3-ideapad-a1.zip [http://www.doc.ic.ac.uk/~grm08/ideapad/cwm-5.0.2.7-rev3-ideapad-a1.zip]ကို အရင်ဒေါင်းရပါမယ်၊ ရရှိလာသော ဖိုင်အား Update.zip ဟု Rename ပြုလုပ်ပြီး SD card ထဲထည့်ပါ၊ အဲဒီနောက် A1 ကိုပါဝါပိတ်လိုက်ရပါမယ်၊ ပါဝါပြန်ဖွင့်ရင် Power + Vol Down ကို တွဲနှိပ်လိုက်ရင် ခုနက ထည့်လိုက်တဲ့ ClockWordMod ကို တင်သွားပြီး A1 ပါဝါပိတ်သွားပါမယ်၊ နောက်တစ်ကြိမ် key တွေနှိပ်ပီးပြန်ဝင်ရင် CWM ပေါ်ကိုရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ A1 ကို ClockWordMod Recovery ပြုလုပ်ခြင်း ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။
2. ClockWordMod မှတစ်ဆင့် A1 ကို Root ပြုလုပ်ခြင်း။
A1 ကို Root ပြုလုပ်ရန်အတွက် A1-rooter.zip [http://a1.cu2.at/A1_rooter.zip]ကိုဒေါင်းပါ၊ ရရှိလာသော A1-rooter အား tablet ထဲထည့်ရပါမယ်၊ (ဒါမှမဟုတ် SD Card ထဲ ထည့်ရင်လဲရပါတယ်) အဲဒီနောက် A1 ကိုပါဝါပိတ်လိုက်ရပါမယ်၊ ပါဝါပြန်ဖွင့်ရင် Power + Vol Down ကို တွဲနှိပ်လိုက်ရင် Clockworkmod recovery ထဲကိုဝင်သွားပါလိမ့်မယ်၊ အဲဒီကမှ install zip from SD/internal SD card နဲ့တင်လိုက်ပါ (ဒါမှမဟုတ် ကျနော်တို့ထည့်ထားတဲ့ A1-rooter ကို ရှာပေးပြီး install လုပ်ရင်လဲ ရပါတယ်) Complete ဖြစ်သွားရင် A1 ကို Reboot ပြန်လုပ်လိုက်ပါ၊ ဒါဆိုရင်တော့ lenovo A1 ကို root ပြုလုပ်ခြင်း ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။
3. Root ပြုလုပ်ပြီးသော A1 အား မြန်မာဖောင့်ထည့်သွင်းခြင်း။
A1 ကို Root ပြုလုပ်ပြီးပါက ကျနော်တို့ မြန်မာဖောင့် ထည့်သွင်းပါတော့မယ်။ Font Changer [http://db.tt/hWke0kQQ]ကို ဒေါင်းပါ၊ ZawGyi font [http://db.tt/kZJbZ2SK]ကို ဒေါင်းပါ၊ MyanmarKeyboard [http://www.mediafire.com/download.php?my771g4kxr6cjpb] ကိုဒေါင်းပါ၊ ရရှိလာသော APK များကို A1 မှာ install ပြုလုပ်ရပါမယ်။ install ပြုလုပ်ပြီးပါက A1 program list ထဲတွင် မြန်မာကီးဘုတ်။ FontChanger အိုင်ကွန်လေးများ ပေါ်နေပါလိမ့်မယ်။ မြန်မာကီးဘုတ် Icon အား ဖွင့်လိုက်ပါ။ 1.Go To Settings ကိုဖွင့်ပါက Keyboard Settings တွင် မြန်မာကီးဘုတ်ဘေးမှ ကွပ်လပ်ကို အမှန်ခြစ်လုပ်ပေးရပါမယ်၊ (မြန်မာကီးဘုတ်ဟူသော မတွေ့ရသေးပဲ လေးထောင့်အကွက်ကလေးများသာ ပေါ်နေပါလိမ့်မည်) 2.Input Method ကိုဖွင့်ပါက select input method တွင် မြန်မာကီးဘုတ်အား အမှန်ခြစ်လုပ်ပေးရပါမယ်။ FontChanger ကို ဖွင့်လိုက်ရပါမယ်။ အဲဒီမှာ ဇော်ဂျီဖောင့်ပြောင်းရန် ဟူသော နေရာအား နှိပ်ပါက အလိုလိုအလုပ်လုပ်နေပါလိမ့်မည်၊ ပြီးရင် A1 အော်တို reboot ဖြစ်သွားပါလိမ့်မယ်။ A1 အား မြန်မာ ဖောင့်ထည့်သွင်းခြင်း လုပ်ငန်း ပြီးဆုံးပါပြီ ဖြစ်ပါတယ်။
Ice Cream Sandwich 4.0.4 ဆီသို့။
ကဲ…ကျနော်တို့ရဲ့ A1 ကို အခု Ice Cream Sandwich 4.0.4 သို့ ကူးပြောင်းတော့မှာပဲ ဖြစ်ပါတယ်။ အရင်ဆုံး http://download.lenovo.com/slates/a1/ICS_OTA ကို သွားပြီး A107I0_A404_001_014_0116_US .zip [http://download.lenovo.com/slates/a1/ICS_OTA/A107I0_A404_001_013_0116_US.zip]ကိုဒေါင်း ထားရပါမယ်။ ရရှိလာသောဖိုင်ကို Update.zip လို့နာမည်ပြောင်းပြီး SD card ထဲမှာ ထည့်ထားလိုက်ပါ။ ICS Update ကို CWM မှ မတင်ရပါဘူး။ Stock Recovery ကနေ တင်ရမှာပါ။
(CWM မှ တင်ပါက A1 ICS တွင် SD card unmount ERROR ဖြစ်ပါလိမ့်မည်။ storage ကို ဖွင့်ပါကလည်း error များပြနေပါလိမ့်မည်၊ internal များလည်း အလုပ်မလုပ်တော့ပါ)
အဲဒီတော့ ClockWordMod Recovery ကနေ Stock Recovery ကို ပြန်သွားဖို့ရန်အတွက် Stock -A1-Recovery.zip [http://www.doc.ic.ac.uk/~grm08/ideapad/stock-a1-recovery.zip]ကို ဒေါင်းပါ။ ရရှိလာသော ဖိုင်ကို SD Card ထဲသို့ ထည့်ပြီး CWM ကနေ install from SD မှ ကျနော်တို့ ထည့်ထားတဲ့ Stock ကို Install ပြန်လုပ်ရပါမယ်။
(CWM ကနေ stock recovery ပြန်မတင်ခင်လေးမှာ Wipe/Format , Wipe Cache, Wipe Delvik Cache တွေကို လုပ်ဖို့မမေ့ခဲ့ပါနဲ့…မဟုတ်ရင် Boot Loop ဖြစ်ပါလိမ့်မယ်)
Complete ဖြစ်သွားရင် A1 ကို Reboot ပြန်လုပ်လိုက်ပါ၊ နောက် Power + Vol Down နဲ့ပြန်ဝင်ရင် အစက ကျနော်တို့ထည့်ထားတဲ့ Update.zip (A107I0_A404_001_014_0116_US) ကို stock ကနေတင်သွား ပါလိမ့်မယ်။ Complete ဖြစ်ပြီးနောက် A1 သည် Ice Cream Sandwich 4.0.4 ကို ပိုင်ဆိုင်သွားပါပြီ။
ကျနော်တို့ A1 ကို Root ပြန်လုပ်မယ်။ ပြီးရင် မြန်မာဖောင့် ထည့်ကြမယ်။ အဲဒါတွေကတော့ ကျနော် အပေါ်မှာ တင်ပြထားတဲ့ 1. A1 ကို ClockWordMod Recovery တင်ခြင်း။ 2. ClockWordMod မှတစ်ဆင့် A1 ကို Root ပြုလုပ်ခြင်း နှင့် 3. Root ပြုလုပ်ပြီးသော A1 အား မြန်မာဖောင့်ထည့်သွင်းခြင်း ။ အဲဒါတွေကို တစ်ဆင့်ခြင်း ပြုလုပ်ရမှာပါပဲ ဖြစ်ပါတယ်။
ICS မှ Gingerbread ပြန်ဆင်းမယ်ဆိုရင်။
ကဲ…ကျနော်တို့ရဲ့ A1 ကို အခု Ice Cream Sandwich 4.0.4 ကနေ Gingerbread ကို ပြန်ဆင်းချင်တယ်ဆိုရင်တော့ အရင်ဆုံး http://download.lenovo.com/slates/a1/OTA/ ကို သွားပြီး A107W0_A234_001_015_2643_ROW .zip [http://download.lenovo.com/slates/a1/OTA/A107W0_A234_001_015_2643_ROW.zip]ကိုဒေါင်းထားရပါမယ်။ ရရှိလာသော ဖိုင်ကို SD card ထဲထည့်ပါ။ CWM ပေါ်သွားပါ။ Wipe Data/Factory Reset လုပ်ရပါမယ်။ Advanced>> Wipe Delvik Cache ပါ လုပ်ရပါမယ်။ ပြီးရင် ထည့်ခဲ့တဲ့ zip ဖိုင်လေးကို install လုပ်ရပါမယ်။ ဒါဆိုရင် gingerbread ပေါ်ကို ပြန်ရောက်သွားမှာပဲ ဖြစ်ပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းနိုင်ပါစေ။