Tuesday, August 26, 2014

Huawei Y320-C00 MEC internet setting

Huawei Y320-C00
 

CDMA 800 Handset
 

MEC internet setting ချိန်နည်းပါ။
 

Access Point Names ထဲကရှိပြီးသား 

CTWAP ကိုပဲ edit လုပ်ပါ
 

Name - mectel
 

APN - #777
 

Username - card@c800.mm
 

Password - card
 

APN protocol - IPv4/IPv6
 

APN roaming - IPv4/IPv6
 

Bearer - eHRPD

Saturday, July 5, 2014

MEC CDMA ဖုန်းများ ဖုန်းမှတစ်ဆင့် တိုက်ရိုက် အင်တာနက်လျှောက်ထားနိုင် ===========================================

MEC CDMA ဖုန်းများ ဖုန်းမှတစ်ဆင့် တိုက်ရိုက် အင်တာနက်လျှောက်ထားနိုင်
===========================================
MEC ကို ဖုန်းမှတိုက်ရိုက် Internet လျောက်လို့ရပါပြီးဖြစ်ပါတယ်။ အင်တာနက် လျှောက်ထားရန်အတွက် မိမိရဲ့ ဖုန်းဘေးလ်ထဲမှာ အနည်းဆုံး ငွေကျပ် ၁၀၀၀၀ နှင့် အထက် ရှိရန်လိုအပ်ပါတယ်။
ပို့ရမယ့်နံပါတ်>>>>>>>> 233
Text SMS > >>>>>>>> Open EVDO
ထိုကဲ့သို့ ပေးပို့လိုက်ပါက မိမိဖုန်းဘေးလ်အတွင်းမှ ငွေကျပ် ၁၀၀၀၀ ကျပ်ကို MEC Server မှ အလိုအလျောက်ဖြတ်တောက်သွားမှာဖြစ်ပါတယ်။
အင်တာနက် setting ချိန်နည်းကတော့
Setting >
APN >
New > Name (မိမိပေးချင်သော) > card@c800.com >
Password > card >
prompt Password > #777
အသေးစိတ်အချက်အလက်များသိရှိလိုပါက Call Center ဖုန်းနံပါတ် 1212 သို့ ဆက်သွယ်မေးမြန်းနိုင်ပါ သည်။

Sunday, June 29, 2014

4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phone


Specifications

3G: CDMA EVDO 800/1900MHz
Dual sim card dual standby
Snapdragon MSM7625A single core 1.0GHz
Support TF card up to 32GB
Basic Information
Model
Coolpad 5109
Band
2G: CDMA1X 800
3G: CDMA EVDO 800/1900MHz
Single sim card
Service Provide  Unlocked
Style  Bar
Color  black
System
OS  Android 2.3
CPU Snapdragon MSM7625A single core 1.0GHz
ROM  512MB
RAM   256MB
Screen  Display Size 4.0 Inch
Type   capacitive touch screen TFT
Resolution 480*320pixels
Screen Color  16000K Colors
Support Format
Ringtones Type  Polyphonic/MP3
Audio File Format  MP3/WAV/AMR/AWB
Video File Format  3GP/MPEG4
Image File Format  JPEG/BMP/GIF/PNG/GIF
E-book Format  TXT/CHM/DOC/HTML
FM Radio  Yes, earphone needed
Card Extend  Support TF card up to 32GB extended
Data Transfer & Connectivity
Data transfer  USB/Bluetooth
Mobile internet  WAP/WIFI
General 
Camera/Picture Resolution
Single camera back 2.0mp
Message  SMS/MMS
Input  Handwrite/Keypad
TV  No
GPS  No
JAVA  No
WIFI  Yes, IEEE 802.11 n/b/g
Bluetooth    No
Gravity Sensor  Yes
Multi-Touch  Yes 
Dimensions  122.8x66.2x11.6mm
Net Weight(Including battery)  113g
Standby Time  About 2~3 days
Other Feature
3G, WIFI, FM, Ebook, Messaging,
wallpapers, calendar, calculator, clock, camera, etc
Package
1 x mobile phone
1 x earphone
1 x Charger 
1 x 1500mAh Battery
1 x USB Cable
1 x manu
whole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phonewhole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phonewhole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phonewhole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phone

Coolpad 5219 CDMA 3G phone

Brand Name:
Coolpad
Coolpad Model:
5820
Item Condition:
New
SIM Card Quantity:
Dual SIM Cards
Cellular:
GSM/CDMA2000
CPU:
Quad Core
CPU Manufacturer:
Qualcomm
RAM:
512M
ROM:
4G
Feature:
GPS Navigation,Email,MP3 Playback,Touchscreen,QWERTY Keyboard,Bluetooth,Wi-Fi,Memory Card Slots,Video Player,Gravity Response,TV Receive,Message,HD Video Player,GPRS
Operation System:
Android
Design:
Bar
Display Size:
5.0
Display Resolution:
854x480
Touch Screen Type:
Capacitive Screen
Screen LCD Type:
TFT
Language:
English,Russian,German,French,Spanish,Polish,Portuguese,Italian,Turkish,Norwegian
Display Color:
Color
Camera:
5MP
Battery Type:
Detachable
is_customized:
Yes
Size:
124.2x64.2x11.7mm
Band Mode:
2SIM/Dual-Bands
Camera Type:
Front & Back Camera
Thickness:
Slim(9mm-10mm)
Release Date:
2013
Unlock Phones:
Yes
Model Number:
5219
T2GQrpXmxbXXXXXXXX_!!1765012839T2P65rXrhXXXXXXXXX_!!1765012839T2pYbyXiFbXXXXXXXX_!!1765012839T2._YsXjhbXXXXXXXX_!!1765012839T2ldtFXeFOXXXXXXXX_!!1765012839T2o_6CXblbXXXXXXXX_!!1765012839T2o0ryXodaXXXXXXXX_!!1765012839T2HmnBXfFbXXXXXXXX_!!1765012839845351871_504845351861_569845351835_115

ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ


===============================
အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ လုပ်နေရတာကိုက သိက္ခာရှိတာ။ အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။
သူများချီးကျူးတာကို လက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာ အရေးကြီးပါတယ်။ Self-respect ကိုယ့်သိက္ခာကိုယ် လေးစားဖို့ လိုပါတယ်။
Self-motivation က ဒီအလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။
Work-life Balance ဖြစ်ရမယ်။ တစ်နေကုန် အလုပ်လုပ်နေရပြီး အိမ်မပြန်ဘူးဆိုတဲ့ လူတွေက တော်တော်ညံ့တဲ့သူတွေလို့ ပြောချင်ပါတယ်။ Work တစ်ခုတည်းမဟုတ်ဘဲ Life လည်း ရှိတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ မိသားစုက အရေးကြီးပါတယ်။ အလုပ်ကနေပဲ Retired ယူလို့ရတယ်။ မိသားစုမှာ Retired ယူလို့မရဘူး။
- ဒေါက်တာအောင်ထွန်းသက်

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ
==============

နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး အော်ပရေများသည် ၎င်းတို့၏မိုဘိုင်းဆင်းမ်ကတ် အချင်းချင်းခေါ်ဆိုမှုများအတွက် အခမဲ့ဝန်ဆောင်မှုကို ထည့်သွင်းရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ ဖုန်းခေါ်ဆိုခ ပေးဆောင်ရန်မလိုသည့် အစီအစဉ်သည် အဆိုပါဆက်သွယ်ရေး အော်ပရေတာနှစ်ခုက ရောင်းချ မည့် Package Plan များအနက်မှ တစ်ခုဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/13305#sthash.Giro3DxP.dpuf

Sony SmartWatch 2 FIFA Edition

Sony SmartWatch 2 FIFA Edition
=============

Sony ကနေ အသစ်ထွက်ရှိ ထားတဲ့ Smart Watch2 FIFA Edition အမျိုးအစား စမတ်နာရီပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ချိတ်ဆက်ကာ ဖုန်းလက်ခံခြင်း၊ reject လုပ်ခြင်း၊ ဖုန်းသံပိတ်ခြင်း၊ miss call notification ၊ SMS ၊ Email ၊ Gmail ၊ Facebook ၊ Twitter ၊ သီချင်း အသံအတိုး အကျယ်၊ ကင်မရာ၊ ပြက္ခဒိန်စတဲ့ စမတ်လုပ်ဆောင်များအပြင် PlayStore ကို နာရီကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြင်ကွင်းအကျယ် ၁.၆ လက်မရှိတဲ့ Transflective LCD Display က resolution 220x176 pixels ထိထောက်ပံ့ ပေးနိုင်မှာဖြစ်ပြီး နေရောင်အောက်မှာ ကောင်းစွာကြည့်ရှုနိုင်တဲ့ Display အမျိုးအစား ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/13306#sthash.mbzF2Rw1.dpuf

iBanking ဝန်ဆောင်မှုအား ဧရာဝတီဘဏ် စတင်မိတ်ဆက်


အင်တာနက် ဘဏ်စနစ်ဝန်ဆောင်မှု (iBanking စနစ်) အားဧရာဝတီမှ စတင်ကာဆောင်ရွက်လိုက်ကြောင်း သိရသည်။ iBanking ဝန်ဆောင်မှုမှာ မိမိတို့နေရာ၌ပင် ဘဏ်နှင့်အွန်လိုင်းမှ ချိတ်ဆက်၍ဘဏ်အကောင့် ဆိုင်ရာဆောင
်ရွက်ချက်များကို ဆောင်ရွက်နိုင်မည့် အစီအစဉ်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ် ဦးကပြောသည်။

“အခုလကနေစတင်ပြီး ဆောင်ရွက်လိုက်တာပါ၊ iBanking ဆိုတာကမိမိတို့ အိမ်ကနေ ပြီးတော့ ကွန်ပျူတာကနေတစ်ဆင့် အွန်လိုင်းနဲ့ချိတ်ဆက်ပြီး ဘဏ်ရဲ့ဆောင်ရွက်ချက်တွေကို ကြည့်ရှုနိုင်တဲ့စနစ်ဖြစ်ပါတယ်” ဟုအဆိုပါ တာဝန်ရှိသူကပြောသည်။ အွန်လိုင်းနှင့်ချိတ်ဆက်၍မိမိတို့ဘဏ်အကောင့်တွင် ငွေစစ်ခြင်း၊ ငွေလွှဲခြင်းစသည့် ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်မည်ဖြစ်သည် ဟုဆိုသည်။ iBanking စနစ်အသုံးပြုလိုသူများ အနေဖြင့်ဧရာဝတီဘဏ်တွင် ဘဏ်အကောင့်တစ်ခုနှင့် iBanking အတွက်အကောင့်တစ်ခု ရှိရမည်ဖြစ်ကြောင်း သိရသည်။ “iBanking အကောင့်အတွက် နီးစပ်ရာဧရာ ဝတီဘဏ်ခွဲတိုင်းမှာ ဆောင်ရွက်ပေးပါတယ်” ဟုအထက်ပါ တာဝန်ရှိသူကဆက်လက် ပြောကြားသည်။

အကောင့်ဖွင့်ခြင်းအတွက် နှစ်စဉ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်းသိရသည်။ (၂၄) နာရီပတ်လုံး အသုံးပြုနိုင်မည် ဖြစ်ကာဘဏ်ပိတ်ရက်များ ဖြစ်သောစနေနှင့် တနင်္ဂနွေများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး

ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး


အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှုနှင့် ဆက်စပ်ပြီး ဈေးပေါသည့် USBအားသွင်း ကိရိယာများကို အသုံးမပြုကြရန် ဩစတြေးလျ အာဏာပိုင်များက သတိပေး ကြေညာခဲ့သည်။
ဧပြီလအတွင်းက ဆစ်ဒနီမြောက်ပိုင်း ဂေါ့စ်ဖော့ဒ်တွင် အသက်(၂၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် နားကြပ်များ တပ်ဆင်ထားပြီး ပေါင်ပေါ်တွင် Laptop ကွန်ပျူတာကို တင်ထားလျှက်သားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အမျိုးသမီး၏ ရင်ဘတ်နှင့် နားရွက်များတွင် လောင်ကျွမ်းထားသည့် ဒဏ်ရာများ ရှိနေခဲ့သည်။
ရဲတပ်ဖွဲ့သည် သေမှုသေခင်းနှင့် ပတ်သက်ပြီး အချိန်ယူ လေ့လာစစ်ဆေးခဲ့သည့်နောက် ဈေးပေါပေါ USB အားသွင်းစက်များကြောင့် ဓာတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဇွန်လ(၂၇)ရက်နေ့တွင် ကြေညာပြီး ယင်းကဲ့သို့သော အားသွင်းစက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။
သေဆုံးသည့် အမျိုးသမီးသည် ဖိလစ်ပိုင်တွင် မွေးဖွားပြီး ဩစတြေးလျ နိုင်ငံသား ခံယူခွင့် ရထားသည်မှာ မကြာလှသေးချေ။ သူမသည် နားကြပ်ကြိုးကို Laptopတွင် ထိုးထားပြီး Laptopကို ဈေးပေါသည့် အားသွင်းစက် တစ်လုံးဖြင့် ဆက်သွယ်ကာ ပလပ်ထိုးထားခဲ့ကြောင်း သိရသည်။ ထို့အပြင် သူမ၏ဖုန်းမှာလည်း ဈေးပေါသည့် အားသွင်းစက် တစ်ခုဖြင့်ပင် အားသွင်းထားခဲ့သည်။
“USBအားသွင်းစက် တစ်ခုနဲ့ ဖုန်းကို အားသွင်းထားတာပါ။ ဒါပေမဲ့ အားသွင်းစက်ကတော့ အဲဒီအချိန်မှာ အလုပ်မလုပ်တော့ဘူး”ဟု နယူးဆောက်သ်ဝေးလ်စ် ကုန်သွယ်ရေးရာ ဌာနမှ လင်းနယ်လီ ကောလင်းစ်က AFPသို့ ပြောကြားခဲ့သည်။ “အားသွင်းစက်ထဲက ဓာတ်အားဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်နဲ့ ဆက်မိသွားတယ်။ ဖုန်းကို သူ့လက်ထဲမှာ ကိုင်ထားချိန်မှာလား၊ ဒါမှမဟုတ် နားကြပ်ကပဲ ဓာတ်လိုက်သွားတာလား ဆိုတာတော့ သေချာမသိဘူး”ဟုလည်း ကောလင်းစ်က ဆိုသည်။
သူမက လူအများအနေဖြင့် အီလက်ထရောနစ် ပစ္စည်းများကို ဈေးပေါသည့် USB အားသွင်းစက်များဖြင့် ချိတ်ဆက်မှုမှ ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။ “ကျွန်မတို့ကတော့ လူတွေကို သတိပေးချင်ပါတယ်။ ဈေးပေါတဲ့ အားသွင်းစက်တွေဟာ စိုးရိမ်စရာ အခြေအနေတွေကို ဦးတည်သွားနိုင်တယ်။ ဒီလိုဓာတ်အားသွင်းစက်တွေက လုံခြုံရေးစံနှုန်း သတ်မှတ်ချက်တွေနဲ့ လုံးဝ ကိုက်ညီမှု မရှိပါဘူး”ဟု ကောလင်းစ်က သတိပေးခဲ့သည်။
ဩစတြေးလျတွင် လုံခြုံရေး စံနှုန်းသတ်မှတ်ချက်များနှင့် မကိုက်ညီသော ကုန်စည်ပစ္စည်းများ ရောင်းချမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ဩစတြေးလျဒေါ်လာ (၈၇၅၀၀) သို့မဟုတ်၊ ထောင်ဒဏ်(၂)နှစ်ဖြစ်ကြောင်း သိရှိရသည်။
_Ref: Channelnewsasia

Friday, June 13, 2014

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်
 နည်းပညာဝန်ကြီး ဌာနမှ နေပြည်တော်
အင်ဂျင်နီယာ ချုပ် တာဝန် ထမ်း ဆောင်
နေသော ဦးသန်းထွန်း (ယခင်မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်း လက်ထောက်
အထွေထွေ မန်နေဂျာ)၊ AE ဦးသန်းအုန်း၊


AE ဒေါ်ဆွေ မာတို့အား ကျပ်သိန်း(၃၀၀၀)ကျော် အလွဲသုံးစား ပြုလုပ် သည် ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရေ ကြည်မြို့နယ်မှ စက်မှု(၄)ဦးနိုင်ဝင်း ၏ တိုင်ကြားထားမှုကို မေလ(၁)ရက်နေ့တွင် ဧရာဝတီတိုင်း ဆက်သွယ်ရေးရုံး၌ သက်ဆိုင်ရာဝန်ကြီးဌာနမှ လာ ရောက်စစ်ဆေး ခဲ့သည်။

အဆိုပါတိုင်ကြားထားသော တိုင်ကြားစာတွင် ယခုနေပြည် တော်အင်ဂျင်နီယာချုပ်ဖြင့်တာဝန် ယူနေသော ဦးသန်းထွန်းသည် ဧရာဝတီတိုင်းတွင် လက်ထောက် အထွေထွေမန်နေဂျာအဖြစ် တာဝန် ယူစဉ်ကာလ ၂၀၀၈-၂၀၀၉ခုနှစ်၊ ပုသိမ်ခရိုင် အင်ဂျင်နီယာ ဒေါ်ဆွေ မာ၊ မြို့နယ်တွင်း ကေဘယ်လ်လိုင်း ဌာနမှ AE ဦးသန်းအုန်း တို့နှင့် ပေါင်းကာ တယ်လီဖုန်းကျသင့်ငွေများ ပိုမိုတောင်းခံခြင်းများ အပါ အ၀င် ဌာနပိုင်ကေဘယ်လ်ကြိုးများ ရောင်းစားခြင်းစသည်ဖြင့် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ဌာန အတွက် မိမိ စိုက်ထုတ် ထားသော ငွေကြေးများအား ပြန်မပေးသည့် အပြင် မိမိအားအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ မဟုတ် မမှန် လီဆယ်တိုင် ကြားခြင်း ဖြစ်ပါက တရားဥပဒေအရ အရေးယူခံပါမည်ဟု ၀န်ခံကတိပြု ထားကာ မိမိ အလုပ်မှ ထုတ်ပယ်ခံရ သဖြင့် ဂုဏ်သိက္ခာညှိုးနွမ်းသိမ်ငယ် နေသောကြောင့် ဖြစ်စဉ်အားပြန် လည်စစ်ဆေး ပြီး မိမိတွင်အပြစ် မရှိပါက တာဝန်ပြန်လည်ထမ်း ဆောင်ခွင့်ပြုပါရန်တို့ ပါဝင်သည်။…

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်ခရိုင်အင်ဂျင်နီယာ(ယခု တိုင်း အင်ဂျင်နီယာ) ဒေါ်ဆွေမာအား ဆက်သွယ် မေးမြန်းရာ ““ကျွန်မကို တော့ စနေနေ့က နေပြည်တော်က အဖွဲ့လာစစ်ပါတယ်။ ဆရာဦးသိန်း ထွန်းကိုတော့ စစ်ပြီးပြီလား သေချာ မသိရသေးပါဘူး။ ကျွန်မကတော့ ကိုယ်ဘာမှ မလုပ်ထားဘူးလို့ ပြော လိုက်တယ်။ နောက်ငွေပမာဏက လည်း ကျွန်မတို့အနေနဲ့တွက်ရင် အရမ်းများနေတယ်။ ကေဘယ်လ် ကြိုးကလည်း ရောင်း မယ်ဆိုရင်တောင် ၀ယ်မယ့်လူမရှိဘူး။ ကျွန်မ တို့ဆီမှာပိုနေတာအများကြီး။ သက်သက်သိက္ခာချချင်လို့ တိုင်တာ ပါ။ တိုင်ကြားစာတွေကို ၀န်ကြီးဌာနကို ပြန်လွှဲထားတော့ ဌာနကပဲလာစစ်တာပါ။ တိုင်တဲ့လူကိုတော့ ကျွန်မ ဘက်က ဘာမှပြန်မလုပ်ပါဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလွဲသုံးစားမှုအား တိုင်ကြားသူ ရေကြည်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စက်မှု-၄ (ဟောင်း) ဦးနိုင်ဝင်း အားမေးမြန်းရာ ““အဲဒီနေ့က နေပြည်တော်က အဖွဲ့ ခရီးသွားဟန်လွှဲ ၀င်နားတာ မျိုးပဲ ရှိတယ်၊ ကျွန်တော့်ကိုခေါ် ယူစစ်ဆေးတာမျိုးမရှိဘဲ ပြန်သွား တာ၊ ကျွန်တော်က လာစစ်စေချင် တာပါ။ ဒါမှအကုန် ပေါ်သွားမှာလေ။ သူတို့တွေကတော်တော်လုပ်ခဲ့တာ”” ဟု ပြန်လည်ပြော ဆိုသည်။

အဆိုပါတိုင်ကြားစာကို ဧပြီ လ (၂၂)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဆက်သွယ်ရေး နှင့်သတင်းအချက် အလက် နည်း ပညာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လာဘ်ပေးလာဘ် ယူပပျောက်ရေး ကော်မရှင်တို့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရဲရင့်ထွန်း(ပုသိမ်)
Myanmartandawsint Newspaper

ဝန်ဇင်း Mobile Application Version 1.5 ထွက်ရှိလို့လာပါပြီခင်ဗျာ


ဝန်ဇင်း Mobile Application Version 1.5 ထွက်ရှိလို့လာပါပြီခင်ဗျာ

ဝန်ဇင်း Mobile Application ကို

https://play.google.com/store/apps/details?id=com.bit.wunzin&hl=en

http://www.wunzinn.com/download/wunzinn.apk

http://www.bitmyanmar.com.mm/kanaung/wunzinn

များမှ အခမဲ့ Download ပြုလုပ်နိုင်ပါတယ်။

စာအုပ်များပိုမိုစုံလင်လာပြီး ယခင် Version များ၏ Issue များကို အသစ်Version တွင် ဖြေရှင်းပေးထားပါတယ်။ မိမိနှစ်သက်ရာ စာရေးဆရာများ၏ စာအုပ်များကိုလည်း နာမည်နှင့် ရှာဖွေဖတ်ရှုနိုင်ပြီး Download လုပ်ကာသိမ်းထားသောစာအုပ်များကိုလည်း Application Uninstall လုပ်မိ၍ဖြစ်စေ Firmware တင်၍ပျောက်ဆုံးသွားပါက ပြန်လည်ရှာယူဖတ်ရှုနိုင်ပါတယ်။ အသုံးပြုသူမိဘပြည်သူများအနေဖြင့် Register လုပ်သည့်အခါတွင် မိမိတို့၏ နာမည်၊ ဖုန်းနံပါတ်၊ e-mail ရှိလျှင် account အမှန်များရေးကာ register ပြုလုပ်ပေးပါခင်ဗျာ။ ဒါမှလည်း စာဖတ်သူများ၏ Account Restore/Backup လုပ်ရာတွင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

စာအုပ်များကို ပြည်တွင်းကရော ပြည်ပရောက်နေသော မြန်မာစာပေချစ်သူများပါ လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ Online Oversea Payment များပါပြုလုပ်ပေးထားပါတယ်။

မိမိနှစ်သက်ရာစာအုပ်များကို Facebook မှသူငယ်ချင်းများအတွက်ပါ Share ပြုလုပ်လာနိုင်ခြင်း၊ Application Size နည်းသွားခြင်း၊ စာအုပ်များ Download လုပ်ရတာလွယ်ကူခြင်း တို့ကြောင့် ၀န်ဇင်းစာအုပ်စင်သည် စာဖတ်ပရိသက်များအကြိုက်တွေ့စေမည့် Mobile Application တစ်ခုဖြစ်မှာ အမှန်ပါပဲခင်ဗျာ။

အကောင့်ပြုလုပ်ပုံ၊ အသုံးပြုပုံ၊ စာအုပ်များဝယ်ယူနည်းတွေကို Tutorial မှာ ၀င်၍လေ့လာနိုင်သလို Hot Line Phone Number 011220474 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အလုပ်မှာ ပျော်စေရန် နည်းလမ်း

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။
1. Surround yourself with people who love their work
တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။
2. Work to improve your strengths and talents
Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။
3. Identify the impact you want to have on the world
အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။
4. Learn as much as you can about the life you want
ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။
5. Try, and try again
ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
Ref:entrepruner.com
အောင်ခမ်း ( ရိုးရာလေး )

Saturday, June 7, 2014

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်
=====================
တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များဝယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်းမျိုးမရှိဘဲ ဆင်းမ်ကတ်များကို ၁,၅၀၀ကျပ်အတိဖြင့် ရောင်းချသွားမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်အရောင်းမြှင့်တင်မှုအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။

တယ်လီနောမိုဘိုင်းဆင်းမ်ကတ်ဝယ်ယူပြီးသည်နှင့် တစ်ပြိုင်နက် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်ပါ တစ်ပါတည်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဇွန်လ ၂ရက်က ပြုလုပ်ခဲ့သည့် Net Monday ပွဲတွင်တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ်Mr.Petter Furbergက ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များကို 2G နှင့် 3Gနှစ်မျိုးရောင်းချပေးမည်ဖြစ်ပြီး မြို့ကြီးများတွင် 3Gမိုဘိုင်း ဆင်းမ်ကတ်များကို စတင်ရောင်းချပေးမည်ဖြစ်သည် ဈေးကွက်တွင် TLE(Long-Term Evolution)ပါဝင်သော မိုဘိုင်းဖုန်းအသုံးပြုမှု လုံလောက်သည့်အခါမှသာ တယ်လီနောက 4GLTE၀န်ဆောင်မှုကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တယ်လီနောက ဆက်သွယ်ရေးစခန်း တစ်ထောင်တည်ဆောက်ပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး တစ်လလျှင်စခန်း ပေါင်းသုံးရာမှ လေးရာအထိ တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကြက်မှုကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးစခန်းပေါင်းရှစ်ထောင်ကျော်တည် ဆောက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။

တယ်လီနောမြန်မာကုမ္ပဏီက ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်Data Center များတည်ဆောက်ပြီး ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများကို စမ်းသပ်ပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အဓိကထား၍ 3G မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

@ 7 Days News
— feeling hopeful.

ဝမ်းနည်းပါတယ်ရှင်

ဝမ်းနည်းပါတယ်ရှင်
- မာဂျေ
“သြော်.. မြန်မာ့ ဆက်သွယ်ရေး၊ မြန်မာ့ ဆက်သွယ်ရေး၊ ဘာတွေလုပ်နေမှန်းကို မသိတော့ဘူး။ မနေ့က တပည့် မောင်ကျော်သီဟ (ဟင်္သာတ)ဆီကို ဖုန်းဆက်လိုက်တော့ လက်ကိုင်ဖုန်းမှာ “၀မ်းနည်းပါတယ်ရှင်”ဆိုတဲ့ အသံထွက်လာလို့ ငါ့တပည့်ကြီး ဘာများဖြစ်သလဲ၊ နေပြည်တော် အမြန်လမ်းက ခရီးသွားတယ်လည်း မကြားမိပါဘူး။ အခုရက်က မိုးရွာနေတော့ အရက် သောက်တာများပြီး ဦးနှောက်သွေးကြောလည်း မပြတ်လောက်ပါဘူးလို့ စိတ်ထင့်ရင်း ဆက်နားထောင်မှ လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်၊ ကျေးဇူးပြု၍ ပြန်လည်ခေါ်ဆိုပါရှင်”ဆိုတဲ့ အသံထွက်လာမှ မြန်မာ့ ဆက်သွယ်ရေးရဲ့ ယဉ်ကျေးလိမ္မာ အစီအစဉ်ဆိုတာ သိလိုက်ရတော့တယ်။
မြန်မာ့ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် ပြောစရာက အတော်များသား၊ ဒါပေမဲ့ မြန်မာ့ ဆက်သွယ်ရေးရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတာကို အကာအကွယ်ယူပြီး အနေအစား ချောင်နေသူတွေ ကလည်း မာဂျေတို့ အပါအ၀င် အများကြီးဗျ။ ဥပမာဗျာ အိပ်ယာထ နောက်ကျပြီး ချိန်းဆိုထားတာ နောက်ကျနေပေမယ့် ဖုန်းဆက်မေးရင် ရွှေဂုံတိုင် မီးပွိုင့်ရောက်နေပြီလို့ ဖြေနိုင်တာမျိုးကို ဘယ်သူက မဟုတ်ဘူး ပြောရဲမှာလဲ။ တယ်လီနောဆိုရင် ဗီဒီယို စနစ် စမ်းသပ် အောင်မြင်ပြီ ကြေညာထားတယ်။ တကယ်လို့ တယ်လီနော ဖုန်းသာသုံးနိုင်တဲ့ အချိန်ဆိုရင် ရွှေဂုံတိုင်မှာဆိုပြီး ညာလို့ဘယ်ရမလဲ။ ကိုယ့်လမ်းထိပ်က မြောက်ဥက္ကလာ မယ်လမုဘုရားကြီးပဲ ပေါ်နေရင် အလုပ်ပါ တစ်ခါတည်း ပြုတ်မှာ။
အဲဒီလိုပဲ အူရီဒူးကလည်း 3Gစနစ်သုံးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာ စမ်းသပ် အောင်မြင်နေပြီ။ အခု နေပြည်တော်မှာ စက်တွေတပ်ရင်း စမ်းသပ်နေသတဲ့။ ဒီဖုန်းလည်း သုံးလို့ အဆင်ပြေမှာ မဟုတ်ဘူး။ 3Gဆိုတာက ဆက်သွယ်မှု ကြည်လင်ပြီး ပြောရခေါ်ရ အရမ်းလွယ်သတဲ့။ ဒါဆိုရင် တစ်ဖက်ကို ပြန်မပြောချင်တာနဲ့၊ ကောင်းကောင်းလည်း ကြားနေပါလျက် ဟဲလို၊ ဟဲလို ဘာမှမကြားရဘူး ခင်ဗျ ဆိုပြီး ဖုန်းချပစ်တာတွေ လုပ်လို့ရမှာ မဟုတ်တော့ဘူး။ ဆက်သွယ်မှု ဧရိယာပြင်ပလည်း ရောက်မှာ မဟုတ်သလို ကြည်လင်ပြတ်သားပြီး နောက်က ကာရာအိုကေမယ်လေးတွေရဲ့ အသံ၊ အနှိပ်သမလေး တွေရဲ့ အသံပါ တစ်ဖက်က ကြားသွားရင် ဒုက္ခများသွားနိုင်တယ်။ ဒါကြောင့် အဲဒီဖုန်းတွေပေါ်လည်း မာဂျေတို့က မသုံးရေးချ မသုံးပဲ။ မြန်မာ့ဆက်သွယ်ရေးကိုပဲ အားပေးမယ်ဆိုတာ ဒီနေရာက တိုင်းသိပြည်သိ ကြေညာမောင်းခတ်လိုက်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးက မကောင်းဘူး။ ငါတို့ကတော့ တယ်လီနောနဲ့ အူရီဒူးကိုပဲ အားပေးမယ်ဆိုတဲ့သူတွေ အဲဒီအချိန်ကျမှ ဒူးနဲ့မျက်ရည် သုတ်နေကြရမှာ မြင်ယောင်သေးတယ်။ တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ကောင်းမွန်မှုကြောင့် ရန်ဖြစ်ရမယ့် လင်မယားတွေ၊ တရားရုံးတက်ပြီး ကွဲကြရမယ့် လင်မယားတွေ ပေါ်လာဦးမှာ အသေအချာပေါ့ဗျာ။
သေသေချာချာ စဉ်းစားကြည့်ရင် မြန်မာ့ဆက်သွယ်ရေးရဲ့ ကောင်းမွန်တဲ့ ၀န်ဆောင်မှုကရှိပြီး သားပါဗျ။ မပျက်မကွက် ဆောင်ရွက်ပေးနေတဲ့ ၀န်ဆောင်မှု တစ်ခုကို ပြောပြရရင်တော့ သင့်မှာ ငွေလက်ကျန် ၂၀၀ ကျပ်အောက် လျော့နေပါပြီ။ အမြန်ပြန် ငွေဖြည့်ပါလို့ ဘိုလိုမတ်စိ ပို့တယ်ဗျာ။ ငွေ ၂၀၀ အောက်မှာ ဖုန်းခေါ်မိရင် အဲဒီအဓိပ္ပာယ်ရတဲ့ ဘိုမသံနဲ့ ပြောတယ်ဗျာ။ ဒီတော့ မကောင်းပေလား။ ငါ့မှာ ငွေလက်ကျန်နည်း နေပြီဆိုပြီး ကိုယ်ဆက်ချင်တဲ့ ဖုန်းကို အပျော်မယ်လေးတွေ လုပ်သလို မစ်စ်ကော (Miss Call)ပဲ ပို့လို့ မရပေလား။ အဲဒီဝန်ဆောင်မှုသာ မရှိရင် ကိုယ့်မှာ ငွေဘယ်လောက် ကျန်မှန်းမသိ၊ ဘုမသိ ဘမသိနဲ့ တွန်းဆက်နေရင်း ဆက်ရင်း လိုင်းပြတ်မသွားပေလား။ ဒါတွေက ခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး အားသာချက်တွေ။ ဒီလိုပဲ အင်တာနက် ကွန်နက်ရှင် နှေးတာလေးကလည်း ကြံဖန်တွေးရင် ကိုယ့်အတွက် သက်သာရာ သက်သာကြောင်းဗျ။ တစ်လောက နေပြည်တော် ရုံးတစ်ရုံးကနေ မာဂျေဆီကို အီးမေးလ်ကနေ ဖိုင်တွေ ပို့လိုက်တယ်။ အဲဒီဖိုင်တွေကို ဒေါင်းပြီး သေသေချာချာ လေ့လာ။ ပြီးရင် သူတို့ဆီက ဆွေးနွေးပွဲမှာ ဆွေးနွေးပေးဖို့ မာဂျေက ပျင်းတော့ နေပြည်တော်ကို ဖုန်းလှမ်းဆက်လိုက်တယ်။ အီးမေးလ်တော့ ရတယ်။ ဖိုင်ဆိုက်က ကြီးတော့ ဒေါင်းလို့မရဘူး။ ဒီတော့ ဆွေးနွေးစရာလည်း ဘာမှမရှိတော့လို့ မလာတော့ဘူးနော်ဆိုပြီး။ အမှန်ကတော့ နေပြည်တော်လမ်းကို မသွားရဲတာလည်း ပါတာပေါ့ဗျာ။ အဲဒီလိုလည်း ကြံဖန်ပြီး ကောင်းကွက်လေးတွေ ရှာလို့ရပါတယ်ခင်ဗျ။
လူတွေက ကိုယ်က မကောင်းတာ။ တစ်သက်လုံး မြန်မာ့ ဆက်သွယ်ရေးနဲ့ပဲ နှစ်ပါးဂဟေ ဆက်လာပြီး အခုမှ ဂဏန်းပေါင်း မြင်လို့ ငါးကင်ကို ပစ်ချနေကြတာ။ အခုမှ အင်တာနက် ကွန်နက်ရှင် နှေးတယ်တို့၊ ခေါ်ရတာ ခက်တယ်တို့ ပြောနေရင်း ပြုတ်ပြုတ်ကျသွားလို့ အလုပ်တစ်ခုပြီးဖို့ လေးခါလောက် ခေါ်ရတယ်တို့နဲ့ လျှောက်ပြောနေကြတယ်။ အဲဒီလူတွေကို မေးချင်တယ်။ တစ်သက်လုံး ဒီလို ဖြစ်နေတာကို အခုအားကိုး နှစ်ခု ရှိလာတော့မယ် သေချာမှ ဘာလို့ ပြောနေကြတာလဲလို့။ ဒါပေသိ မြန်မာ့ ဆက်သွယ်ရေးရေ အားမငယ်ပါနဲ့။ ဘုရားနဲ့ အယူဝါဒ ပြိုင်တဲ့ ဆရာကြီး တစ်ယောက် ပြောသလိုပေါ့။ လောကမှာ လူကောင်းနဲ့ လူဆိုး ဘယ်သူများသလဲလို့ သူ့တပည့်တွေကို မေးတယ်။ လူဆိုးတွေက များတာပေါ့ ဆရာကြီးရယ် ဆိုပြီး ဖြေတော့ ဆရာကြီးက အေးလူကောင်းတွေက ဗုဒ္ဓဆီ သွားလိမ့်မယ်။ လူဆိုးတွေက ငါ့ဆီလာ လိမ့်မယ်တဲ့။ အဲဒီ စကားညွှန်းရရင် တယ်လီဖုန်း သုံးနေတဲ့ အထဲမှာ မာဂျေတို့လို ဟိုလိမ်ဒီလိမ်ချင်တဲ့ လူဆိုးတွေက မြန်မာ့ ဆက်သွယ်ရေးက ဖုန်းပဲ ဆက်သုံးကြမှာပါ။ တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ပိုကောင်းအောင်လည်း လုပ်မနေပါနဲ့။ အင်တာနက် ကွန်နက်ရှင် ကောင်းအောင်လည်း ငွေတွေ နိုင်ငံခြားပေးပြီး အင်တာနေရှင်နယ် ဂိတ်ဝေးတွေ ချဲ့မနေပါနဲ့။ တယ်လီဖုန်းက ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေရင်လည်း ၀မ်းနည်းပါတယ်ရှင် လုပ်နေစရာ မလိုတော့ပါဘူး။ မြန်မာ့ ဆက်သွယ်ရေးက ဖုန်းကိုပဲ သုံးကြဦးမှာပါ။ လောကကြီးမှာ လူဆိုးတွေက အများသားကိုးဗျ။
.... ဟာ ဟာ ဟ။
- မာဂျေ

Thursday, May 15, 2014

အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်

 http://burma.irrawaddy.org/news/2014/05/15/58830.html ( မူရင်း ပို့စ်)
မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနထံမှ သတင်းရရှိသည်။
၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း
သုံးစွဲသူအားလုံးနီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက်ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းတင် က နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။
“အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာနက်ကို ပိုမြန်အောင် လုပ်ချင်တဲ့ ကုမ္ပဏီကို ကန့်သတ်မထားဘူး။ အင်တာနက် လုပ်ချင်တယ်လို့ လာလျှောက်ရင် ခွင့်ပြုပေးမှာ” ဟု ဒု ၀န်ကြီး ဦးသောင်းတင်က ဆိုသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ ၈ သန်းခန့် ရှိပြီး လူဦးရေ ၄ သန်းမှာ အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် သုံးစွဲနေကြောင်း၊ အင်တာနက် မိုဘိုင်းဖုန်း ၀န်ဆောင်ပေးမည့် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ငန်းများ စတင်နိုင်ပါက အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
“အင်တာနက်လိုင်းက တဖြည်းဖြည်းချင်းတော့ ပိုကောင်းလာမှာပါ။ အခုက ကျနော်တို့ Supply က လိုက်တက်လာတာနဲ့ အမျှ Demand က လိုက်တက်လာတော့ အင်တာနက် နှုန်းမြန်ဖို့က ခက်တယ်။ အဲဒီနှစ်ခုက ဘယ်အချိန်မှာ ညီမျှသွားမလဲပေါ့။ တချိန်ချိန်မှာတော့ Supply က လိုချင်သလောက် ရသွားရင် အဆင်ပြေသွားမှာပါ ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။
အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေရန် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ကိုင်မည် ဖြစ်သော်လည်း မြန်မာတနိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူရမည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။
“ကျနော်ဆို ဖုန်းနဲ့ အင်တာနက် သုံးတာ။ တနေကုန် သုံးလို့ မရဘူး။ ညဦးပိုင်းလည်း သုံးမရဘူး။ အင်တာနက် သုံးမယ်ဆိုရင် သန်းခေါင်ကျော်အောင် စောင့်ရတယ်။ သန်းခေါင်ကျော် လိုင်းကောင်းမှ မေးလ်ပို့စရာရှိတာ ပို့ရတယ်။ ဒါတောင် တခါတလေ လိုင်းမကောင်းလို့ မိုးလင်းတဲ့ ညတွေရှိတယ်” ဟု အင်တာနက် ပုံမှန်သုံးစွဲသူ ရန်ကုန်မြို့မှ ကိုဇေယျာစိုပြေက ပြောသည်။
အင်တာနက် သုံးစွဲရန် ပေးထားရသော ၀န်ဆောင်ခနှင့် ပြန်ရရှိသော ၀န်ဆောင်မှုမှာ လုံးဝ မမျှတဟု သူက ယုံကြည်နေသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ကလည်း Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရန် International ပါတနာ ကုမ္ပဏီအား ရှာဖွေလျက်ရှိပြီး မရရှိပါက Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒု ၀န်ကြီး ဦးသောင်းတင်က ပြောသည်။
“MPT အနေနဲ့ ပါတနာ မရရင်တော့ Ooredoo နဲ့ Telenor ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခု စပြိုင်နေရပြီ။ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်သူ ဘာလုပ်လို့ ပြောစရာ မလိုတော့ဘူး။ Market က ဆုံးဖြတ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။
ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အစိုးရက အတည်ပြု ပြဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို ယင်းဥပဒေနှင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိသည်။
အစိုးရက ခွင့်ပြုထားသည့် ဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာ ၄ ခုမှာ MPT, ရတာနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor Myanmar ကုမ္ပဏီတို့ ဖြစ်သည်။

Tuesday, January 14, 2014

Huawei Y320-U01 အတွက်မြန်မာစာဖောင့်ထည့်ပုံထည့်နည်းလေးပါ။

Huawei Y320-U01 အတွက်မြန်မာစာဖောင့်ထည့်ပုံထည့်နည်းလေးပါ။ကျနော်အခုမှ့စမ်းပြီးထည့်ကြည့်ထားတာပါ အဆင်ပြေပါတယ်။ကျနော်က အခုမှ့စပြီး Post တင်တာဆိုတော့လိုအပ်တာတွေရှိရင်လဲခွင့်လွှတ်
ပေးကျပါခင်ဗျာ။
အခုဝင်လာခဲ့တယ် Huawei Y320တွေမှာ T/U/C ဆိုပြီးရှိကျတယ်။အဲ့အထဲမှာမှ T ကမြန်မာကီးဘုတ်ထည့်သုံးရင်အဆင်ပြေပါတယ်။ဒါပေမဲ့ Uကတော့ အဆင်မပြေဘူးဗျ။ကျနော်လဲစမ်းရင်းနဲ့မှ့သွားတွေ့တာ။
သူက ကျနော်ပုံမှာပြထားတဲ့အတိုင်း Geometric Shapes မှာ ၀လုံးတွေနဲ့ဖမ်းထားတော့ကျနော်တဲ့အခါ ၀လုံးတွေနဲ့အဆင်မပြေဖြစ်လာတာပဲ။

အဲ့ဒီတော့ကျနော်တို့မြန်မာစာကိုဘယ်လိုချိန်းချိန်းအဆင်ပြေမှာမဟုတ်ဘူးလေ။ကျနော်တို့က Default Font တွေကိုပဲချိန်းနေတာကို။အခုကျနော်လုပ်တဲ့နည်းက DroidSansFallback ကိုမချိန်းပဲနဲ့ DroidSansThai ကိုချိန်လိုက်တာပါ။လိုအပ်တဲ့ ဆောဖ်ဝဲလ်တွေကိုတော့အောက်မှာဒေါင်းလိုက်ပါ။လိုအပ်တာတွေက Fontschanger နဲ့ Busybox တွေပါပဲ။
http://www.mediafire.com/download/g9ipqv8wznbod6v/busybox.apk              Busybox အတွက်ပါ။
http://www.mediafire.com/?h1n5fmdmv8abym1                                           Fonts Changer နောက်ဆုံးထွက်ပါ။မြန်မာဖောင့် Changer မဟုတ်ပါ။
ပြီးရင် မိမိဖုန်းကို Vroot နဲ့ Root လုပ်လိုက်ပါ။ထို့နောက် ပေါ်ကဒေါင်းထားတဲ့ဖိုင်တွေကိုသွင်းလိုက်ပါ။
ပြီးရင် မိမိဖုန်းမှာသွင်းထားတဲ့ busybox ကိုဖွင့်လိုက်ပါ။ပြီးရင် install လုပ်ပေးပါ။
လုပ်ပြီးပါက Busybox မှ့ထွက်ပြီး FontsChanger ကိုဖွင့်လိုက်ပါ။ Refresh ပြီးတဲ့အထိစောင့်ပေးပါ။ထို့နောက် FontsChanger မှ့ထွက်ပြီးဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ။တကယ်လိုမိမိစက်မှာ Root Explorer
ရှိပါက Sdcard ထဲမှာသွားပြီး .fontschanger ဆိုတဲ့ Folder လေးထဲသွားပါ။ထိုအထဲသို့ Zawgyi သို့မဟုတ် Sanpya မိမိကြိုက်နှစ်သက်ရာဖောင့်ကို Copy လုပ်ပြီးထည့်လိုက်ပါ။တကယ်လို့ မိမိဖုန်းမှာ Root Explorer မရှိပါက ကွန်ပြူတာနဲ့ချိတ်ပြီးထည့်လိုက်ပါ။ပြီးရင်ဖုန်းထဲက Fontschanger လေးကိုပြန်ဖွင့်လိုက်ပါ။ ထို့နောက် Menu key ကိုနှိပ်ပြီး Advance ကိုရွေးပေးပါ။
ထို့နောက် DroidSansThai.ttf ကိုရှာပြီး ဖိထားလိုက်ပြီးSet ကိုရွေးလိုက်ပါ။ထို့နောက်ပေါ်လာသည့်အထဲမှ့မိမိထည့်ထားသောဖောင့်ကိုရွေးပေးပါ။
ကျနော်ကတော့ Sanpya သုံးထားတဲ့အတွက် Sanpya ကိုရွေးပေးပါမည်။
ထို့နောက် apply ကိုနှိပ်လိုက်ပါ။ ပြီးလျှင် Reboot Now ကိုထပ်ရွေးပေးပါ။ထို့နောက်ဖုန်းပြန်တက်လာပါက Forzenkeyboard နဲ့ပဲဖြစ်ဖြစ်အဆင်ပြေတဲ့မြန်မာကီးဘုတ်ထည့်သုံးလို့ရပါပြီ။
အော်မေ့တော့မလို့ဗျ Myanmar Fonts လိုချင်တဲ့သူများအောက်မှာဒေါင်းနိုင်ပါတယ်။
http://www.mediafire.com/?bshoq4pv8b5gml6
အဆင်ပြေတဲ့ဆိုရင် Reply လေးတော့ပေးပါ။ 

credit by mm-mpxteam

Friday, January 3, 2014

မိုဘိုင်းဖုန်း အင်တာနက်နဲ့ ပတ်သက်လာပြီဆိုရင် ကြိုးမဲ့စနစ်တွေအကြောင်း

မိုဘိုင်းဖုန်းဟာ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းဖြစ်တဲ့အတွက် သူ့အထဲမှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ် တစ်မျိုးမက ပါလာပါတယ်။ ဖုန်းဆက်ရုံလောက် ကိစ္စမှာ အဲဒီ စနစ်တွေအကြောင်း မသိရင် ကိစ္စ မရှိပေမယ့် မိုဘိုင်းဖုန်း အင်တာနက်နဲ့ ပတ်သက်လာပြီဆိုရင် ကြိုးမဲ့စနစ်တွေအကြောင်း နားလည်ဖို့ လိုလာပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အကြောင်း နားမလည်တဲ့အတွက် handset ဝယ်တဲ့ နေရာမှာ အမှားတွေ ကြုံပါတယ်။ အင်တာနက်ချိတ်ဆက်ရေး ကိစ္စမှာ အခက်အခဲတွေ တွေ့ရပါတယ်။ ၁၅၀၀ ကျပ်တန် ဖုန်းတွေထွက်မှ မိုဘိုင်းဖုန်း သုံးဖြစ်တဲ့ အခြေခံ လူတန်းစား မပြောနဲ့ ပိုက်ဆံပေါလို့ ၁၅ သိန်းခေတ်က မိုဘိုင်းဖုန်းဝယ်သုံးခဲ့တဲ့ လူတွေတောင် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွေကို နားမလည်တာတွေ အများကြီးပါ။ ဒါကြောင့် မိုဘိုင်းဖုန်းတစ်လုံးကို ပြည့်ပြည့်စုံစုံ သုံးချင်သူတွေအတွက် ကြိုးမဲ့ ဆက်သွယ်ရေး စနစ်သုံး၊ ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။

Bluetooth

Bluetooth ဆိုတာ တာတိုကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပါ။ Bluetooth ပါတဲ့ ဖုန်းအချင်းချင်း၊ Bluetooth ပါတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကြားမှာ ကြိုးမဲ့ ချိတ်ဆက်ပြီး data တွေ ဖလှယ်နိုင်ပါတယ်။ လူပြိန်း နားလည်အောင် ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး ချိတ်ပြီး သီချင်းတွေ၊ ဂိမ်းတွေ ဖလှယ်ကြတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လောလောဆယ် ဝင်နေတဲ့ handset အများစုမှာ Bluetooth 2.0 ကို သုံးပါတယ်။ တချို့မှာက Bluetooth 2.0 EDR (Enhanced Data Rate) ဆိုတာလည်း သုံးတယ်။ သူက data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် လွှဲနိုင်ပါတယ်။

အခုဆိုရင် ခလုတ်ဖုန်း အတော်များများတောင်မှ Bluetooth စနစ်ပါနေပါပြီ။ အဆင့်မြင့် တို့ထိဖုန်းတွေမှာတော့ Bluetooth နားကြပ်နဲ့ ချိတ်ဆက်ပြီး ကားမောင်းရင်း လက်မကိုင်ဘဲ ဖုန်းပြောဖို့ သိပ်ပြီး အသုံးတည့်ပါတယ်။ နားကြပ်နဲ့ ဖုန်းနဲ့ကို Bluetooth ချိတ်ပြီး ဖုန်းပြောချင်သူတွေ 4.0 version ကို ရှာပြီးဝယ်ပါ။ Bluetooth ရဲ့ မူလ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ပေ ၃၀ အတွင်း ဖြစ်ပေမယ့် Bluetooth 4.0 မှာတော့ ပေ ၁၀၀ အတွင်းထိ ဆက်သွယ်နိုင်ပါတယ်။ ကြားမှာ နံရံတွေ ခြားရင် ဆက်သွယ်နိုင်တဲ့ အကွာအဝးတို့ပါမယ်။ အလုံပိတ်အခန်းတွေကြားမှာ နံရံဖောက်ပြီး မဆက်သွယ်နိုင်ပါဘူး။ သူ့ရဲ့ data လွှဲပြောင်းနှုန်းက 2.0 မှာ 50 kbps လောက်ရှိပြီး 4.0 မှာ 100 kbps ဝန်းကျင်ရှိပါတယ်။ MP3 သီချင်း တစ်ပုဒ် လွှဲရင် တစ်မိနစ်နီးပါး ကြာပါမယ်။ Bluetooth သုံးချင်ရင် setting ဆိုတဲ့ စက်သွားပုံ ပင်နယံအဝိုင်းလေးကို ရှာရမယ်။ setting > Wireless & networks > Bluetooth အောက်ကိုဝင်ပြီး သုံးရပါမယ်။ ချိတ်ဆက်မယ့် ဖုန်းနှစ်လုံးစလုံး Bluetooth ဖွင့်ထားရမယ်။ Bluetooth setting ထဲဝင်ပြီး device အချင်းချင်းသိအောင် discoverable/visible ကိုဖွင့်ထားပြီး Bluetooth ဖွင့်ထားမယ့်ကာလ (discoverable time out) လုံလောက်အောင် ပေးရပါမယ်။

Wi-fi

သူကလည်း တာတိုကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါပဲ။ Bluetooth ထက်ပိုပြီး ဝေးဝေး ဆက်သွယ်နိုင်တယ်။ လှိုင်းတွေက နံရံဖောက်ဝင်အား ပိုပြီး ကောင်းပါတယ်။ လောလောဆယ်သုံးတဲ့ n စနစ်က ကြားမှာ အတားအဆီး မရှိရင် ပေ ၃၀၀ အကွာအဝေးအထိ ဆက်သွယ်နိုင်ပါတယ်။ ခလုတ်ဖုန်းအတော်များများမှာ wifi စနစ်ပါလေ့ မရှိပါဘူး။ တို့ထိ ဖုန်းတွေမှာပဲ ပါပါတယ်။ Wi-fi စနစ်က အမျိုးအစားတွေများတော့ သူ့ကို ခွဲခြားပြီး ပြောရင် 802.11 ဆိုတဲ့ စာလုံးကို ရှေ့ကခံပြီး ပြောပါတယ်။ ဒီနေ့အထိ အများသုံးနေတာဟာ a/b/g/n ဆိုပြီး စနစ်လေးမျိုးရှိပါတယ်။ (n) က အမြန်ဆုံးဖြစ်တဲ့အတွက် handset ဝယ်ရင် (n) အမျိုးအစားပါမပါ သတိထားပြီး ဝယ်ရမယ်။

data လွှဲပြောင်းတဲ့ အမြန်နှုန်းကိုကြည့်ရင် a/b/g အမျိုးအစားတွေမှာ 54 Mbps (mega bit per second) ရပြီး၊ 2.4 GHz လှိုင်းခွင်ကနေ လွှင့်နိုင်ပါတယ်။ (n) အမျိုးအစားက 450 Mbps အထိ data လွှဲပြောင်းမှု အမြန်နှုန်းရှိပြီး 2.4 GHz နဲ့ 5 GHz လှိုင်းခွင်နှစ်ခုကနေ လွှင့်နိုင်တဲ့ အားသာချက် ရှိပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့် handset တွေမှာ wifi direct စနစ်ပါလာပြီမို့ handset အချင်းချင်း တိုက်ရိုက်ချိတ်ပြီး data တွေ လွှဲနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ Zapya ကလည်း Wi-fi direct စနစ် တစ်မျိုးပါပဲ။

Wi-fi ရဲ့ အားသာချက်က အချင်းချင်း ချိတ်ဆက်တဲ့ နေရာမှာ Bluetooth လို အသိအမှတ်ပြုတဲ့စနစ် (pair) လုပ်ဖို့ မလိုတာဖြစ်ပါတယ်။ ဒါပေမယ့် wifi ကွန်ရက်ထဲမှာ password ခံထားရင်တော့ အဲဒီ password သိမှ ဝင်လို့ ရပါမယ်။ မိုဘိုင်းဖုန်းတွေမှာ ကျွန်တော်တို့ အသုံးများတာက portable hospot ပါ။ setting>Wireless & Network> tethering & portable hotspot>portable WLAN hotspot ဖြစ်ပါတယ်။ ကိုယ်က တခြားလူ တစ်ယောက်ယောက်ကို ဒါမှမဟုတ် ကွန်ပျူတာ တစ်လုံးကို အင်တာနက် ပေးသုံးမယ်ဆိုရင် hotspot ကို သုံးပါတယ်။ WLAN hotspot configuration ထဲဝင်ပြီး၊ Network SSID/ security (လုံခြုံမှု စနစ်ဖြစ်ပြီး အများအားဖြင့် WPA2 ဆိုတဲ့ အလုံခြုံဆုံး စနစ်ကို သုံးပါတယ်။)

password တွေ မဖြစ်မနေ ထည့်ပေးရပါတယ်။ လုံခြုံမှု အားကောင်းစေဖို့ password ၈ လုံး ထည့်ပေးရလေ့ရှိပါတယ်။

EVDO

အင်တာနက်သုံးမယ်ဆိုရင် သိထားရမယ့် အင်တာနက် ဆက်သွယ်ရေး စနစ်တစ်မျိုး ဖြစ်ပါတယ်။ CDMA 800 MHz (၇၃၀ ဖုန်းစနစ်လို့လည်း လူသိများပါတယ်) မှာ သုံးတဲ့ အင်တာနက် စနစ်က EVDO စနစ်ပါ။ အရှည်က Evolution Data Optimized ဖြစ်ပါတယ်။ handset မျက်နှာပြင်ပေါ်မှာ 3G စာလုံးအနေနဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ လောလောဆယ် သုံးနေတာက EVDO Revolution A စနစ်ဖြစ်ပြီး အင်တာနက် ဆွဲချအမြန်နှုန်း 3.1 Mbps/ အင်တာနကပေါ် ပို့လွှတ်အမြန်နှုန်း 1.8 Mbps ရှိပါတယ်။ Revolution B စနစ်က ပိုမြန်ပေမယ့် ကျွန်တော်တို့ဆီမှာ လောလောဆယ် မသုံးနိုင်သေးပါဘူး။

EDGE

သူကတော့ GSM ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က Enhanced Data rate ဖြစ်ပါတယ်။ handset မျက်နှာပြင်ရဲ့ အပေါ်နားမှာ E ဆိုတဲ့ စာလုံးလေးနဲ့ မြင်ရပါမယ်။ သူတို့ဆီမှာ GSM ကလည်း 3G စနစ်အမြန်နှုန်းကို ရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာ စပြီး ပွဲထွက်တာက 2.5 စနစ် အမြန်နှုန်း စနစ် ဖြစ်ပါတယ်။ အင်တာနက်ကနေ ဆွဲချ အမြန်နှုန်း 384 kbps နဲ့ အင်တာနက်ပေါ် လွှတ်တင် အမြန်နှုန်း 59 kbps ဖြစ်ပါတယ်။ အင်တာနက် စနစ်မှာ အလွန်နှေးကွေးတဲ့အတွက် handset ဝယ်ရင် WCDMA/GSM နှစ်မျိုးတွဲကို ဝယ်ပြီး WCDMA အပေါက်မှာ GSM ကတ်ထည့်ပြီး သုံးသင့်ပါတယ်။

HSDPA

သူကတော့ WCDMA ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က High Speed Downlink Packet Access ဖြစ်ပါတယ်။ Handset မှာ အင်တာနက် ချိတ်ထားရင် H ဆိုတဲ့ စာလုံးလေးကို မျက်နှာပြင်အပေါ်နားမှာ မြင်ရပါတယ်။ မြန်မာပြည်မှာ သုံးနေတာက3.75 G စနစ်လို့ ပြောပါတယ်။ ကမ္ဘာ့စံ သတ်မှတ်ချက်အရဆိုရင် 3G+ စနစ်ပါ။ သီဝရီအရဆိုရင် အင်တာနက်ပေါ်က ဆွဲချ အမြန်နှုန်း (7.2Mbps) နဲ့ အင်တာနက်ပေါ်ပို့ အမြန်နှုန်း (2Mbps) ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်တွေ့ရနေတဲ့ အမြန်နှုန်းကတော့ သီဝရီမှာ ပြောတာရဲ့ အပုံတစ်ရာပုံ တစ်ပုံက အများဆုံးပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ မိုဘိုင်း အင်တာနက်မှာတော့ အမြန်ဆုံး ဖြစ်ပါတယ်။

1G/2G/3G/4G

G ဆိုတာက Generation ပါ။ ဆက်သွယ်ရေး စနစ် မျိုးဆက်တွေပေါ့။ 1G ဆိုတာက ပထမမျိုးဆက် ဆက်သွယ်ရေး စနစ်ပေါ့။ မျိုးဆက်တစ်ဆင့် တက်လာတိုင်း အမြန်နှုန်းရော အရည်အသွေးပါ ပိုကောင်းလာပါတယ်။ 4G လို့ခေါ်တဲ့ စတုတ္ထမျိုးဆက်ကတော့ လက်ရှိမှာ အမြန်ဆုံး အကောင်းဆုံး ဆက်သွယ်မှု စနစ်ပါ။

(Mobile Guide Journal ထံမှပြန်လည်ကူးယူဝေမျှပါသည်)

How To Extract Files From a TAR.MD5 Stock ROM (SPH-D710)

[TUTORIAL] How To Extract Files From a TAR.MD5 Stock ROM (SPH-D710)

I've received a TON of PM's and emails asking how to do this and I've decided to do a write-up for everyone. Now to start off, this does not automatically make you a Super Duper Developer, this does not show you how to make your own TAR ROMs, nor does it show you how to make your own Odin One-Clicks. What it does do is show you how to pull files from those stock leaked/official ROMs so that you can proceed to make yourself into a Super Duper Developer!

In essence if the Developer knows what they are doing they could use this method to extract all the files from the build and could then add them to a ZIP and have a stock odexed ROM within minutes and do it all through Windows! Depending on time I may or may not do a tutorial on that as well...

So let's begin!

We've all seen those pesky TAR.MD5 packages that we can flash through Odin. How often have you wanted to look inside them and see what is inside before flashing? There are several ways to do it and the most common answer requires Linux and Dsixda's Kitchen utility. This tutorial gives you the ability to do that through Windows and without having to extract the full ROM. These instructions are specific to the Samsung Galaxy S2 (all variants) but can be used on most Samsung Galaxy phones.

Each TAR.MD5 release contains multiple files. Each of these files corresponds to a specific partition on your device. These files are formatted to be mounted by your device but not by a computer. We will be converting them from a .img partition type to an ext4.img type partition so we can mount them and read them through Windows. For this tutorial we will be opening up the factoryfs.img (the system files partition).

Before you dive in there are a few things you'll need.
- A PC running Windows.
- A stock TAR.MD5 release. Several are available in the Stock ROMs Repo thread.
- DiskInternals Linux Reader (must be installed on the Windows PC). You can download DiskInternals Linux Reader here.
- SGS2toEXT4 Utility available here. *Be sure to extract the JAR file from the ZIP archive.
- 7-Zip available here.

Instructions
  1. Right click on the TAR.MD5 and select Open with 7-Zip.
    A message will popup that says, "There is no correct record at the end of archive."  Press ok and ignore it.
  2. Extract factoryfs.img to your desktop (or folder of choice).
  3. Run the sgs2toext4.jar utility.  A window titled "Drop .img here" will popup.
  4. Take the factoryfs.img icon and drag and drop it into the white space on the "Drop .img here" window.  It will now create a new file on your desktop titled factoryfs.ext4.img.
  5. Close the "Drop .img here" window.
  6. Open DiskInternals Linux Reader.
  7. Select "Mount image" from the column on the left.
  8. Make sure the "Raw Disk Images" option is selected and press Next.
  9. Navigate to where you saved factoryfs.ext4.img and select it.
  10. You will now see a new Hard Disk Drive titled "Linux Ext Volume 1".
    *You can mount multiple ext4 images at one time so make sure you select the right one.
    You can now select the drive and navigate it the same as you would on your device.
  11. To extract a file you select/highlight it and then press save at the top.  This will extract the file from the ext4 partition and save it to Windows.
Congratulations you have unpacked your first factoryfs.img from a TAR.MD5!

Samsung Galaxy S III GT-I9300 Stock Firmware Collection


All stock firmwares are brought to you by SamMobile.com

Model: GT-I9300
Country: Switzerland
Version: Android 4.3
Changelist: 2303192
Build date: Fri, 13 Dec 2013 13:04:46 +0000
Product Code: AUT
PDA: I9300XXUGML2
CSC: I9300AUTGML1
MODEM: I9300XXUGMK6
Download: I9300XXUGML2_I9300AUTGML1_I9300XXUGMK6_AUT.zip


Instructions For Flashing Firmware:
- Extract (unzip) the firmware file
- Download Odin3 v3.09 (From here or here)
- Extract Odin .ZIP file
- Open Odin3 v3.09
- Restart phone in download mode (Press and hold Home + Power + Volume down buttons)
- Connect phone and wait until you get a blue sign in Odin
- Add AP_I9300XXUGMK6_2168382_REV00_user_low_ship.tar.md 5 to AP
- Add BL_I9300XXUGMK6_2168382_REV00_user_low_ship.tar.md 5 to BL
- Add MODEM_I9300XXUGMK6_REV02_REV04_CL1413323.tar.md5 to CP
- Add CSC_OXA_I9300OXAGMK6_2168382_REV00_user_low_ship.t ar.md5 to CSC
- Make sure re-partition is NOT ticked
- Click start button, sit back and wait a few minutes.
- If you encounter any issues with the firmware (Any FC, Bootloop etc)
- Boot into recovery mode (Home+power+vol up)
- Choose to wipe/factory reset. (THIS WILL ERASE ALL OF YOUR DATA INCLUDING YOUR INTERNAL SD CARD!)
- Then choose reboot and you should be good to go!

Follow Me On:-


Model: GT-I9300
Country: United Kingdom
Version: Android 4.3
Changelist: 2168382
Build date: Thu, 28 Nov 2013 12:07:41 +0000
Product Code: BTU
PDA: I9300XXUGMK6
CSC: I9300OXAGMK6
MODEM: I9300XXUGMK6
Download: I9300XXUGMK6_I9300OXAGMK6_I9300XXUGMK6_BTU.zip

Model: GT-I9300
Country: Ireland (Vodafone)
Version: Android 4.3
Changelist: 1902166
Build date: Sat, 26 Oct 2013 03:29:22 +0000
Product Code: VDI
PDA: I9300XXUGMJ9
CSC: I9300VFGGMJ5
MODEM: I9300BUUGMJ3
Download: I9300XXUGMJ9_I9300VFGGMJ5_VDI.zip

I9300XXEMH1 Download (Thanks To SamMobile!)
Base Firmware: I9300XXEMH1 (4.1.2)
Region: Europe
Country: Netherlands
Carrier: Unbranded
Build Date: 1 August 2013
Modem: CEEMG2
CSC: PHNEMG2
Change List: 1338371

I9300XXEMG6 Download (Thanks To SamMobile!)
Base Firmware: I9300XXEMG6 (4.1.2)
Region: Europe
Country: Netherlands
Carrier: Unbranded
Build Date: 26 July 2013
Modem: CEEMG2
CSC: PHNEMG2
Change List: 1328525

I9300XXEMG4 Download (Thanks To SamMobile!)
Base Firmware: I9300XXEMG4 (4.1.2)
Region: Europe
Country: United Kingdom
Carrier: Unbranded
Build Date: 16 July 2013
Modem: XXEMG4
CSC: OXAEMG4
Change List: 1314436

I9300XXEMF6 Download (Thanks To SamMobile!)
Base Firmware: I9300XXEMF6 (4.1.2)
Region: Europe
Country: Spain
Carrier: Unbranded
Build Date: 27 June 2013
Modem: XXEMF6
CSC: PHEEMF1
Change List: 1287119

I9300XXEMF1 Download (Thanks To SamMobile!)
Base Firmware: I9300XXEMF1 (4.1.2)
Region: Europe
Country: France
Carrier: Orange
Build Date: 1 June 2013
Modem: BVEMF1
CSC: FTMEMF2
Change List: 1160235

I9300XXEME2 Download (Thanks To SamMobile!)
Base Firmware: I9300XXEME2 (4.1.2)
Region: Europe
Country: Netherlands
Carrier: Unbranded
Build Date: 16 May 2013
Modem: CEELL1
CSC: PHNEME2
Change List: 1160235

I9300XXEMD3 Download (Thanks To SamMobile!)
Base Firmware: I9300XXEMD3 (4.1.2)
Region: Europe
Country: Turkey
Carrier: Unbranded
Build Date: 23 April 2013
Modem: XXEMA5
CSC: OJVEMC1
Change List: 1160235

I9300XXEMD2 Download (Thanks To SamMobile!)
Base Firmware: I9300XXEMD2 (4.1.2)
Region: Europe
Country: Poland
Carrier: Unbranded
Build Date: 12 April 2013
Modem: XXEMC2
CSC: OXXEMD1
Change List: 1071725

I9300XXEMC3 Download (Thanks To SamMobile!)
Base Firmware: I9300XXEMC3 (4.1.2)
Region: Europe
Country: Nordic Countries
Carrier: Unbranded
Build Date: 27 March 2013
Modem: XXEMB6
CSC: NEEEMC1
Change List: 1071725

I9300XXEMC2 Download (Thanks To SamMobile!)
Base Firmware: I9300XXEMC2 (4.1.2)
Region: Europe
Country: United Kingdom
Carrier: Unbranded
Build Date: 11 March 2013
Modem: XXEMC2
CSC: OXAEMC2
Change List: 1042335

I9300XXEMB5 Download (Thanks To SamMobile!)
Base Firmware: I9300XXEMB5 (4.1.2)
Region: Europe
Country: United Kingdom
Carrier: Unbranded
Build Date: 25 February 2013
Modem: XXEMB5
CSC: OXAEMB5
Change List: 996085

I9300XXEMB1 Download (Thanks To SamMobile!)
Base Firmware: I9300XXEMB1 (4.1.2)
Region: Europe
Country: United Kingdom
Carrier: Unbranded
Build Date: 1 February 2013
Modem: XXEMB1
CSC: OXAEMB1
Change List: 921399

I9300XXEMR2 Download (Thanks To SamMobile!)
Base Firmware: I9300XXEMR2 (4.1.2)
Region: Europe
Country: Germany
Carrier: Vodafone
Build Date: 1 February 2013
Modem: BUEMA1
CSC: VFREMA3
Change List: 919627

I9300XXEMA2 Download (Thanks To SamMobile!)
Base Firmware: I9300XXEMA2 (4.1.2)
Region: Asia
Country: Singapore
Carrier: Unbranded
Build Date: 15 January 2013
Modem: DXELK1
CSC: OLBEMA1
Change List: 836582

I9300XXEMA1 Download (Thanks To SamMobile!)
Base Firmware: I9300XXEMA1 (4.1.2)
Region: Europe
Country: Italy
Carrier: Unbranded
Build Date: 8 January 2013
Modem: XXELLA
CSC: ITVEMA1
Change List: 801460

I9300XXELLC Download (Thanks To SamMobile!)
Base Firmware: I9300XXELLC (4.1.2)
Region: Europe
Country: Spain
Carrier: Unbranded
Build Date: 28 December 2012
Modem: XXELLA
CSC: PHEELL3
Change List: 764725

I9300XXELLA Download (Thanks To SamMobile!)
Base Firmware: I9300XXELLA (4.1.2)
Region: Europe
Country: United Kingdom
Carrier: Unbranded
Build Date: 22 December 2012
Modem: XXELLA
CSC: OXAELLA
Change List: 742798

I9300XXELL5 Download (Thanks To SamMobile!)
Base Firmware: I9300XXELL5 (4.1.2)
Region: Europe
Country: Germany
Carrier: Vodafone
Build Date: 10 December 2012
Modem: BUELK1
CSC: VFGELL1
Change List: 672976

I9300XXELL4 Download (Thanks To SamMobile!)
Base Firmware: I9300XXELL4 (4.1.2)
Region: Europe
Country: United Kingdom
Carrier: Unbranded
Build Date: 10 December 2012
Modem: XXELL4
CSC: OXAELL4
Change List: 566833

I9300XXELKC Download (Thanks To SamMobile!)
Base Firmware: I9300XXELKC (4.1.2)
Region: Europe
Country: Poland
Carrier: Unbranded
Build Date: 30 November 2012
Modem: XXELKC
CSC: OXXELK4
Change List: 566833

I9300XXDLJ5 Download (Thanks To SamMobile!)
Base Firmware: I9300XXDLJ5 (4.1.1)
Region Asia
Country: India
Carrier: Unbranded
Build Date: 24 October 2012
Modem: DDDLJ1
CSC: ODDDLI7
Change List: 411425

I9300XXDLJ4 Download (Thanks To SamMobile!)
Base Firmware: I9300XXDLJ4 (4.1.1)
Region Europe
Country: United Kingdom
Carrier: Unbranded
Build Date: 19 October 2012
Modem: XXDLID
CSC: OXADLJ4
Change List: 368423

I9300XXDLJ2 Download (Thanks To SamMobile!)
Base Firmware: I9300XXDLJ2 (4.1.1)
Region Europe
Country: France
Carrier: Unbranded
Build Date: 11 October 2012
Modem: XXDLID
CSC: XEFDLJ2
Change List: 319653

I9300XXDLJ1 Download (Thanks To SamMobile!)
Base Firmware: I9300XXDLJ1(4.1.1)
Region Europe
Country: United Kingdom
Carrier: Three UK (H3G)
Build Date: 8 October 2012
Modem: NEDLI1
CSC: H3GDLJ1
Change List: 288630

I9300XXDLIH Download (Thanks To SamMobile!)
Base Firmware: I9300XXDLIH (4.1.1)
Region Europe
Country: Sweden
Carrier: Telenor
Build Date: 28 September 2012
Modem: XXDLIH
CSC: VDSDLI1
Change List: 256827

I9300XXBLH1 Download (Thanks To SamMobile!)
Base Firmware: I9300XXBLH1 (4.0.4)
Region Europe
Country: Nordic Countries
Carrier: Unbranded
Build Date: 31 July 2012
Modem: XXLH1
CSC: NEEBLH1
Change List: 928452

I9300XXBLG8 Download (Thanks To SamMobile!)
Base Firmware: I9300XXBLG8 (4.0.4)
Region Europe
Country: United Kingdom
Carrier: Unbranded
Build Date: 26 July 2012
Modem: XXLG8
CSC: OXABLG8
Change List: 928452
Separate Kernel: Download (.TAR)
Separate Modem: Download (.TAR)