Sunday, June 29, 2014

Coolpad 5219 CDMA 3G phone

Brand Name:
Coolpad
Coolpad Model:
5820
Item Condition:
New
SIM Card Quantity:
Dual SIM Cards
Cellular:
GSM/CDMA2000
CPU:
Quad Core
CPU Manufacturer:
Qualcomm
RAM:
512M
ROM:
4G
Feature:
GPS Navigation,Email,MP3 Playback,Touchscreen,QWERTY Keyboard,Bluetooth,Wi-Fi,Memory Card Slots,Video Player,Gravity Response,TV Receive,Message,HD Video Player,GPRS
Operation System:
Android
Design:
Bar
Display Size:
5.0
Display Resolution:
854x480
Touch Screen Type:
Capacitive Screen
Screen LCD Type:
TFT
Language:
English,Russian,German,French,Spanish,Polish,Portuguese,Italian,Turkish,Norwegian
Display Color:
Color
Camera:
5MP
Battery Type:
Detachable
is_customized:
Yes
Size:
124.2x64.2x11.7mm
Band Mode:
2SIM/Dual-Bands
Camera Type:
Front & Back Camera
Thickness:
Slim(9mm-10mm)
Release Date:
2013
Unlock Phones:
Yes
Model Number:
5219
T2GQrpXmxbXXXXXXXX_!!1765012839T2P65rXrhXXXXXXXXX_!!1765012839T2pYbyXiFbXXXXXXXX_!!1765012839T2._YsXjhbXXXXXXXX_!!1765012839T2ldtFXeFOXXXXXXXX_!!1765012839T2o_6CXblbXXXXXXXX_!!1765012839T2o0ryXodaXXXXXXXX_!!1765012839T2HmnBXfFbXXXXXXXX_!!1765012839845351871_504845351861_569845351835_115

ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ


===============================
အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ လုပ်နေရတာကိုက သိက္ခာရှိတာ။ အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။
သူများချီးကျူးတာကို လက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာ အရေးကြီးပါတယ်။ Self-respect ကိုယ့်သိက္ခာကိုယ် လေးစားဖို့ လိုပါတယ်။
Self-motivation က ဒီအလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။
Work-life Balance ဖြစ်ရမယ်။ တစ်နေကုန် အလုပ်လုပ်နေရပြီး အိမ်မပြန်ဘူးဆိုတဲ့ လူတွေက တော်တော်ညံ့တဲ့သူတွေလို့ ပြောချင်ပါတယ်။ Work တစ်ခုတည်းမဟုတ်ဘဲ Life လည်း ရှိတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ မိသားစုက အရေးကြီးပါတယ်။ အလုပ်ကနေပဲ Retired ယူလို့ရတယ်။ မိသားစုမှာ Retired ယူလို့မရဘူး။
- ဒေါက်တာအောင်ထွန်းသက်

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ
==============

နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး အော်ပရေများသည် ၎င်းတို့၏မိုဘိုင်းဆင်းမ်ကတ် အချင်းချင်းခေါ်ဆိုမှုများအတွက် အခမဲ့ဝန်ဆောင်မှုကို ထည့်သွင်းရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ ဖုန်းခေါ်ဆိုခ ပေးဆောင်ရန်မလိုသည့် အစီအစဉ်သည် အဆိုပါဆက်သွယ်ရေး အော်ပရေတာနှစ်ခုက ရောင်းချ မည့် Package Plan များအနက်မှ တစ်ခုဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/13305#sthash.Giro3DxP.dpuf

Sony SmartWatch 2 FIFA Edition

Sony SmartWatch 2 FIFA Edition
=============

Sony ကနေ အသစ်ထွက်ရှိ ထားတဲ့ Smart Watch2 FIFA Edition အမျိုးအစား စမတ်နာရီပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ချိတ်ဆက်ကာ ဖုန်းလက်ခံခြင်း၊ reject လုပ်ခြင်း၊ ဖုန်းသံပိတ်ခြင်း၊ miss call notification ၊ SMS ၊ Email ၊ Gmail ၊ Facebook ၊ Twitter ၊ သီချင်း အသံအတိုး အကျယ်၊ ကင်မရာ၊ ပြက္ခဒိန်စတဲ့ စမတ်လုပ်ဆောင်များအပြင် PlayStore ကို နာရီကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြင်ကွင်းအကျယ် ၁.၆ လက်မရှိတဲ့ Transflective LCD Display က resolution 220x176 pixels ထိထောက်ပံ့ ပေးနိုင်မှာဖြစ်ပြီး နေရောင်အောက်မှာ ကောင်းစွာကြည့်ရှုနိုင်တဲ့ Display အမျိုးအစား ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/13306#sthash.mbzF2Rw1.dpuf

iBanking ဝန်ဆောင်မှုအား ဧရာဝတီဘဏ် စတင်မိတ်ဆက်


အင်တာနက် ဘဏ်စနစ်ဝန်ဆောင်မှု (iBanking စနစ်) အားဧရာဝတီမှ စတင်ကာဆောင်ရွက်လိုက်ကြောင်း သိရသည်။ iBanking ဝန်ဆောင်မှုမှာ မိမိတို့နေရာ၌ပင် ဘဏ်နှင့်အွန်လိုင်းမှ ချိတ်ဆက်၍ဘဏ်အကောင့် ဆိုင်ရာဆောင
်ရွက်ချက်များကို ဆောင်ရွက်နိုင်မည့် အစီအစဉ်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ် ဦးကပြောသည်။

“အခုလကနေစတင်ပြီး ဆောင်ရွက်လိုက်တာပါ၊ iBanking ဆိုတာကမိမိတို့ အိမ်ကနေ ပြီးတော့ ကွန်ပျူတာကနေတစ်ဆင့် အွန်လိုင်းနဲ့ချိတ်ဆက်ပြီး ဘဏ်ရဲ့ဆောင်ရွက်ချက်တွေကို ကြည့်ရှုနိုင်တဲ့စနစ်ဖြစ်ပါတယ်” ဟုအဆိုပါ တာဝန်ရှိသူကပြောသည်။ အွန်လိုင်းနှင့်ချိတ်ဆက်၍မိမိတို့ဘဏ်အကောင့်တွင် ငွေစစ်ခြင်း၊ ငွေလွှဲခြင်းစသည့် ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်မည်ဖြစ်သည် ဟုဆိုသည်။ iBanking စနစ်အသုံးပြုလိုသူများ အနေဖြင့်ဧရာဝတီဘဏ်တွင် ဘဏ်အကောင့်တစ်ခုနှင့် iBanking အတွက်အကောင့်တစ်ခု ရှိရမည်ဖြစ်ကြောင်း သိရသည်။ “iBanking အကောင့်အတွက် နီးစပ်ရာဧရာ ဝတီဘဏ်ခွဲတိုင်းမှာ ဆောင်ရွက်ပေးပါတယ်” ဟုအထက်ပါ တာဝန်ရှိသူကဆက်လက် ပြောကြားသည်။

အကောင့်ဖွင့်ခြင်းအတွက် နှစ်စဉ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်းသိရသည်။ (၂၄) နာရီပတ်လုံး အသုံးပြုနိုင်မည် ဖြစ်ကာဘဏ်ပိတ်ရက်များ ဖြစ်သောစနေနှင့် တနင်္ဂနွေများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး

ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး


အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှုနှင့် ဆက်စပ်ပြီး ဈေးပေါသည့် USBအားသွင်း ကိရိယာများကို အသုံးမပြုကြရန် ဩစတြေးလျ အာဏာပိုင်များက သတိပေး ကြေညာခဲ့သည်။
ဧပြီလအတွင်းက ဆစ်ဒနီမြောက်ပိုင်း ဂေါ့စ်ဖော့ဒ်တွင် အသက်(၂၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် နားကြပ်များ တပ်ဆင်ထားပြီး ပေါင်ပေါ်တွင် Laptop ကွန်ပျူတာကို တင်ထားလျှက်သားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အမျိုးသမီး၏ ရင်ဘတ်နှင့် နားရွက်များတွင် လောင်ကျွမ်းထားသည့် ဒဏ်ရာများ ရှိနေခဲ့သည်။
ရဲတပ်ဖွဲ့သည် သေမှုသေခင်းနှင့် ပတ်သက်ပြီး အချိန်ယူ လေ့လာစစ်ဆေးခဲ့သည့်နောက် ဈေးပေါပေါ USB အားသွင်းစက်များကြောင့် ဓာတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဇွန်လ(၂၇)ရက်နေ့တွင် ကြေညာပြီး ယင်းကဲ့သို့သော အားသွင်းစက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။
သေဆုံးသည့် အမျိုးသမီးသည် ဖိလစ်ပိုင်တွင် မွေးဖွားပြီး ဩစတြေးလျ နိုင်ငံသား ခံယူခွင့် ရထားသည်မှာ မကြာလှသေးချေ။ သူမသည် နားကြပ်ကြိုးကို Laptopတွင် ထိုးထားပြီး Laptopကို ဈေးပေါသည့် အားသွင်းစက် တစ်လုံးဖြင့် ဆက်သွယ်ကာ ပလပ်ထိုးထားခဲ့ကြောင်း သိရသည်။ ထို့အပြင် သူမ၏ဖုန်းမှာလည်း ဈေးပေါသည့် အားသွင်းစက် တစ်ခုဖြင့်ပင် အားသွင်းထားခဲ့သည်။
“USBအားသွင်းစက် တစ်ခုနဲ့ ဖုန်းကို အားသွင်းထားတာပါ။ ဒါပေမဲ့ အားသွင်းစက်ကတော့ အဲဒီအချိန်မှာ အလုပ်မလုပ်တော့ဘူး”ဟု နယူးဆောက်သ်ဝေးလ်စ် ကုန်သွယ်ရေးရာ ဌာနမှ လင်းနယ်လီ ကောလင်းစ်က AFPသို့ ပြောကြားခဲ့သည်။ “အားသွင်းစက်ထဲက ဓာတ်အားဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်နဲ့ ဆက်မိသွားတယ်။ ဖုန်းကို သူ့လက်ထဲမှာ ကိုင်ထားချိန်မှာလား၊ ဒါမှမဟုတ် နားကြပ်ကပဲ ဓာတ်လိုက်သွားတာလား ဆိုတာတော့ သေချာမသိဘူး”ဟုလည်း ကောလင်းစ်က ဆိုသည်။
သူမက လူအများအနေဖြင့် အီလက်ထရောနစ် ပစ္စည်းများကို ဈေးပေါသည့် USB အားသွင်းစက်များဖြင့် ချိတ်ဆက်မှုမှ ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။ “ကျွန်မတို့ကတော့ လူတွေကို သတိပေးချင်ပါတယ်။ ဈေးပေါတဲ့ အားသွင်းစက်တွေဟာ စိုးရိမ်စရာ အခြေအနေတွေကို ဦးတည်သွားနိုင်တယ်။ ဒီလိုဓာတ်အားသွင်းစက်တွေက လုံခြုံရေးစံနှုန်း သတ်မှတ်ချက်တွေနဲ့ လုံးဝ ကိုက်ညီမှု မရှိပါဘူး”ဟု ကောလင်းစ်က သတိပေးခဲ့သည်။
ဩစတြေးလျတွင် လုံခြုံရေး စံနှုန်းသတ်မှတ်ချက်များနှင့် မကိုက်ညီသော ကုန်စည်ပစ္စည်းများ ရောင်းချမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ဩစတြေးလျဒေါ်လာ (၈၇၅၀၀) သို့မဟုတ်၊ ထောင်ဒဏ်(၂)နှစ်ဖြစ်ကြောင်း သိရှိရသည်။
_Ref: Channelnewsasia

Friday, June 13, 2014

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်
 နည်းပညာဝန်ကြီး ဌာနမှ နေပြည်တော်
အင်ဂျင်နီယာ ချုပ် တာဝန် ထမ်း ဆောင်
နေသော ဦးသန်းထွန်း (ယခင်မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်း လက်ထောက်
အထွေထွေ မန်နေဂျာ)၊ AE ဦးသန်းအုန်း၊


AE ဒေါ်ဆွေ မာတို့အား ကျပ်သိန်း(၃၀၀၀)ကျော် အလွဲသုံးစား ပြုလုပ် သည် ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရေ ကြည်မြို့နယ်မှ စက်မှု(၄)ဦးနိုင်ဝင်း ၏ တိုင်ကြားထားမှုကို မေလ(၁)ရက်နေ့တွင် ဧရာဝတီတိုင်း ဆက်သွယ်ရေးရုံး၌ သက်ဆိုင်ရာဝန်ကြီးဌာနမှ လာ ရောက်စစ်ဆေး ခဲ့သည်။

အဆိုပါတိုင်ကြားထားသော တိုင်ကြားစာတွင် ယခုနေပြည် တော်အင်ဂျင်နီယာချုပ်ဖြင့်တာဝန် ယူနေသော ဦးသန်းထွန်းသည် ဧရာဝတီတိုင်းတွင် လက်ထောက် အထွေထွေမန်နေဂျာအဖြစ် တာဝန် ယူစဉ်ကာလ ၂၀၀၈-၂၀၀၉ခုနှစ်၊ ပုသိမ်ခရိုင် အင်ဂျင်နီယာ ဒေါ်ဆွေ မာ၊ မြို့နယ်တွင်း ကေဘယ်လ်လိုင်း ဌာနမှ AE ဦးသန်းအုန်း တို့နှင့် ပေါင်းကာ တယ်လီဖုန်းကျသင့်ငွေများ ပိုမိုတောင်းခံခြင်းများ အပါ အ၀င် ဌာနပိုင်ကေဘယ်လ်ကြိုးများ ရောင်းစားခြင်းစသည်ဖြင့် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ဌာန အတွက် မိမိ စိုက်ထုတ် ထားသော ငွေကြေးများအား ပြန်မပေးသည့် အပြင် မိမိအားအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ မဟုတ် မမှန် လီဆယ်တိုင် ကြားခြင်း ဖြစ်ပါက တရားဥပဒေအရ အရေးယူခံပါမည်ဟု ၀န်ခံကတိပြု ထားကာ မိမိ အလုပ်မှ ထုတ်ပယ်ခံရ သဖြင့် ဂုဏ်သိက္ခာညှိုးနွမ်းသိမ်ငယ် နေသောကြောင့် ဖြစ်စဉ်အားပြန် လည်စစ်ဆေး ပြီး မိမိတွင်အပြစ် မရှိပါက တာဝန်ပြန်လည်ထမ်း ဆောင်ခွင့်ပြုပါရန်တို့ ပါဝင်သည်။…

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်ခရိုင်အင်ဂျင်နီယာ(ယခု တိုင်း အင်ဂျင်နီယာ) ဒေါ်ဆွေမာအား ဆက်သွယ် မေးမြန်းရာ ““ကျွန်မကို တော့ စနေနေ့က နေပြည်တော်က အဖွဲ့လာစစ်ပါတယ်။ ဆရာဦးသိန်း ထွန်းကိုတော့ စစ်ပြီးပြီလား သေချာ မသိရသေးပါဘူး။ ကျွန်မကတော့ ကိုယ်ဘာမှ မလုပ်ထားဘူးလို့ ပြော လိုက်တယ်။ နောက်ငွေပမာဏက လည်း ကျွန်မတို့အနေနဲ့တွက်ရင် အရမ်းများနေတယ်။ ကေဘယ်လ် ကြိုးကလည်း ရောင်း မယ်ဆိုရင်တောင် ၀ယ်မယ့်လူမရှိဘူး။ ကျွန်မ တို့ဆီမှာပိုနေတာအများကြီး။ သက်သက်သိက္ခာချချင်လို့ တိုင်တာ ပါ။ တိုင်ကြားစာတွေကို ၀န်ကြီးဌာနကို ပြန်လွှဲထားတော့ ဌာနကပဲလာစစ်တာပါ။ တိုင်တဲ့လူကိုတော့ ကျွန်မ ဘက်က ဘာမှပြန်မလုပ်ပါဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလွဲသုံးစားမှုအား တိုင်ကြားသူ ရေကြည်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စက်မှု-၄ (ဟောင်း) ဦးနိုင်ဝင်း အားမေးမြန်းရာ ““အဲဒီနေ့က နေပြည်တော်က အဖွဲ့ ခရီးသွားဟန်လွှဲ ၀င်နားတာ မျိုးပဲ ရှိတယ်၊ ကျွန်တော့်ကိုခေါ် ယူစစ်ဆေးတာမျိုးမရှိဘဲ ပြန်သွား တာ၊ ကျွန်တော်က လာစစ်စေချင် တာပါ။ ဒါမှအကုန် ပေါ်သွားမှာလေ။ သူတို့တွေကတော်တော်လုပ်ခဲ့တာ”” ဟု ပြန်လည်ပြော ဆိုသည်။

အဆိုပါတိုင်ကြားစာကို ဧပြီ လ (၂၂)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဆက်သွယ်ရေး နှင့်သတင်းအချက် အလက် နည်း ပညာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လာဘ်ပေးလာဘ် ယူပပျောက်ရေး ကော်မရှင်တို့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရဲရင့်ထွန်း(ပုသိမ်)
Myanmartandawsint Newspaper