Tuesday, January 29, 2013

မကြာမီထွက်ရှိမည့် တန်ဖိုးနည်းဖုန်းဈေးနှုန်းသည်ပြည်သူများဝမ်းသာစရာဖြစ်စေမည်ဟုဆို

မကြာမီထွက်ရှိမည့် တန်ဖိုးနည်းဖုန်းဈေးနှုန်းသည်ပြည်သူများဝမ်းသာစရာဖြစ်စေမည်ဟုဆို

မကြာမီထွက်ရှိမည့် တန်ဖိုးနည်းဖုန်း၏ သတ်မှတ်ဈေးနှုန်းသည် ပြည်သူများအတွက် ၀မ်းသာစရာ စိတ်ချမ်းမြေ့စရာ တန်ဖိုးဖြင့် ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သော ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး န၀မနေ့တွင် တန်ဖိုးနည်းဖုန်းချပေးရေးနှင့် ပတ်သက်၍ သတ်မှတ်ထားသော ဈေးနှုန်းကို သိလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ မှ ဒေါက်တာမြတ်ဥာဏစိုး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ကတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးနည်းဖုန်းများကို မကြာမီ ထုတ်ပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းသတ်မှတ်မှုကိုလည်း မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

**********************************
Yangon Media Group
အသစ်ထပ်မံချပေးမည့် မိုဘိုင်းဖုန်းများကို လက်ရှိဈေးနှုန်းထက် များစွာသက်သာသာ ဈးနှုန်းများဖြင့်ရောင်းချပေးသွားမည်
=========================================
မောင်ပိုင်(နေပြည်တော်)
=========================================
အသစ်ထပ်မံချပေးမည့် မိုဘိုင်းဖုန်းများကို လက်ရှိဈေးနှုန်းထက် များစွာသက်သာသာ ဈးနှုန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းမှပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက မိုဘိုင်းဖုန်းများ ကို ဈေးလျော့ရောင်းချပေး ရန် အစီစဉ်၇ှိသည့် အတွက် မည့်မျလျော့ချမည် ကို အတိအကျ ပြည်သူများကသိရှိလိုပါသဖြင့် ဆက်သွယ်ရေး ၀န်ကြီးဌာနအနေနှင့် ဖြေကြားပေး လိုကြောင်းမေးမြန်းမှု ကို ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးကယနေ့ကျင်းပသော အမျိုးသား လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး န၀မနေ့တွင်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Ref:Messenger News Journal & Yangon Media Group

No comments:

Post a Comment