ရန်ကုန်၊ ဖေဖော်ဝါရီ-၂
ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဌာနက တာဝန်ယူစစ်ဆေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိ ရှစ်ဦးကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃)ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှု၊ ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအ တွက် ၎င်းတို့သုံးစွဲသည့် စက်ပစ္စည်းများ၏ေõဈးနှုန်းပမာဏများကို မူရင်းနှုန်းထားများထက် အဆများစွာ ပိုမိုတင်ပြတောင်းခံမှုအပါအ၀င် အခြားသော သံသယရှိဖွယ်ပြဿနာများအတွက် ယခုကဲ့သို့ ပုဒ်မ ၄၀၉ မှ အပက-၃ သို့ ပြောင်းလဲတရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် ပုဒ်မ ၄၀၉ ဖြင့် စစ်ဆေးခံနေရသည့် အဆိုပါ ပုဂ္ဂိုလ်ရှစ်ဦးသည် အပက-၃ သို့ ပြောင်းလဲတရား စွဲဆိုခံရပြီး ပြစ်မှုထင်ရှားသည်ဆိုပါက အနည်း ဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ကြောင်း နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ
“အခုအချိန်မှာ ပြောနိုင်တာက ပုဒ်မ ၄၀၉ ကနေ အပက-၃ ကိုတက်ဖို့ကတော့ သေချာနေပါ တယ်။ ပြစ်မှုမြောက်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့ ဒီထက်အများကြီး မသိရသေးဘူးဖြစ်နေတယ်။ စစ်ဆေးဆဲကာလက မတက်သေးဘူးပေါ့” ဟုအထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
အပက-၃ ဖြင့် တရားစွဲဆိုခြင်းကို နှစ်လအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
အရာရှိရှစ်ဦးတွင် ယခင်က မိုဘိုင်းအင်ဂျင်နီယာချုပ်အဖြစ်
ပူးပေါင်းထားသော အခြားပုဂ္ဂလိက လက်ခြေခံကုမ္ပဏီ အချို့မှ တာဝန်ရှိသူအချို့လည်း စစ်ဆေးမေးမြန်းမှုများတွင် ပါဝင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
Ref & Credit to 7 Days News Journal
No comments:
Post a Comment