Thursday, June 20, 2013

iPhone မှ Android phone သို့ Contacts များကို Copy/Move ပြုလုပ်ခြင်း


Ios မှာ android device များသို့ Contacts များ ကူးပြောင်းနိုင်မယ့် နည်းလေးကို အောက်ပါ အတိုင်းပြုလုပ်နိုင်ပါတယ် ..
(1)  ပထမဆုံး iphone ပေါ်မှ App Store ကို ဖွင့်ပြီး free app ဖြစ်တဲ့ “vcf Contacts”  download  ဆွဲပါ..
(2) download ဆွဲပြီးပါက မိမိရဲ့ ios device ထဲတွင် install ပြုလုပ်ပြီး ဖွင့်လိုက်ပါ..ပြီးရင် Back up icon ကို နှိပ်ပါ..
(3)  “All in One .vcf File” back up type  ကို ရွေးပေးပါ ..
(4)  Contacts များကို sigle file အဖြစ် back up ပြုလုပ်နေပါလိမ့်မယ် ..
(5)   ပြီးရင် “Contacts.vcf”  ဖိုင်ရွေးပြီး bottom bar ပေါ်မှ  “Send Email” icon နှိပ်လိုက်ပါ ..
(6)  Next screen ပေါ်မှ address field မှာ Gmail လိပ်စာ ရိုက်ပြီး  Send ကို ရွေးပေးလိုက်ပါ ..
(7) ပေးထားတဲ့ Gmailလိပ်စာ  ထဲကို ရောက်သွားပါမယ် . အဲဒီအခါမှာ android phone ကို အသုံးပြုပြီး မိမိရဲ့ မေးလ်လိပ်စာနဲ့ ၀င်လိုက်ပါ ..new mail အနေနဲ့ ရောက်နေပါလိမ့်မယ် ..
import to contacts or download မိမိကြိုက်နှစ်သက်သလို လုပ်ယူနိုင်ပါတယ် ..
အားလုံး အဆင်ပြေကြပါစေ..
မျိုးမင်းသန့်

No comments:

Post a Comment