Saturday, August 10, 2013

အော်ရီဒို ကုမ္ပဏီမှ အလုပ်ခန့်ထားမှု အတွက် ရှင်းလင်းမှုများ ပြုလုပ် သွားမည်

ပြည်တွင်းရဲ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါရ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ooredoo အနေနဲ့ ယခုသြဂုတ်လ အတွင်းမှာ အလုပ်ခန့်ထားမှု
တွေအပြင် လုပ်ငန်းပိုင်း ဆိုင်ရာ အချက်အလက် တွေကို စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ပြီး ရှင်းလင်း သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ရှင်းလင်းမှုနဲ့ အတူ Ooredoo မှ ပြည်တွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်မယ့် CEO နဲ့ မိတ်ဆက်မှုတွေ ကိုလည်း ပြုလုပ် သွားမှာ ဖြစ်တယ်လို့ Ooredoo ရဲ့ သတင်းပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

လက်ရှိ မှာတော့ ပြည်တွင်းမှ လုပ်ကိုင်လိုသူတွေ အနေနဲ့ myanmarcareers@ooredoo.com မှာ လျှောက်ထားမှု တွေကို စတင်ပြုလုပ် နိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Ooredoo အနေနဲ့ တင်ဒါရရှိဖို့ တင်ထားစဉ် အတွင်း ပြည်တွင်းမှာ ဆင်းကတ် တွေကို ငွေကျပ် ၁၅၀၀ အပြင် ၎င်းထက်နည်းတဲ့ ဈေးနှုန်း သာမကဘဲ အလကား ပေးနိုင်အောင် အထိ စီစဉ်ပေး သွားဖို့ သဘော တူညီမှုရှိခဲ့ တယ်လို့ သိရှိရပါတယ်။


No comments:

Post a Comment