Wednesday, July 18, 2012

Samsung Galaxy y GT-S5360 ကို firmware ပြန်တင်ခြင်း

Samsung Galaxy y GT-S5360  တစ်လုံး ကို firmware မတက်သောကြောင့်ပြု ပြင်ရန် ဖြစ်သည်။
ပထမဆုံး recovery mode ၀င်ကြည့်ရာ ၀င်လို့ရပါသည်။ factory reset လုပ်ကြည့်သော်လည်း အဆင်မပြေပါ။ ထို့ နောက် GT-S5360 အတွက် firmware အချို့ ကို SD Card မှ တင်ကြည့် သော်လည်း အဆင်မပြေပါ။

ထိုနောက် odinကိုအသုံးပြု ကာ firmwarw တင်ရန်ကြိုးစားပါသည်။ odin ဒေါင်း လိုလျှင်










odin3 v1.84 ကို အသုံးပြုပါမည်။http://hotfile.com/dl/142398603/13ab72a/Downloader_v1.84.rar.html မှာဒေါင်းပါ။
firmware တစ်ချို့ ကို ဒေါင်းကြည့် ပေမယ့် အဆင်မပြေပါ။ အဆင်ပြေတဲ့ version ကို ဒီမှာ ဒေါင်းပါ။
GalaxyS5360_DDLA1_236.rar
 totoro_0623  ကို ဒီမှာဒေါင်းပါ။
လိုအပ်သော ဖိုင်များ ကို ဒေါင်းပြီး odin ကို run ပါ။ firmware ဖိုင် ကို ဖြည်ထားပါ။
ဖုန်း ကို ပိတ်ပြီး download mode ဖြင့် ပြန်ဖွင့်ပါ။(Volume Down key နှင့် Home (middle) buttonကို ဆက်တိုက် ဖိပြီးနောက် Power button. ကို ဖိပါ။ ဖုန်း ကို ကွန်ပျူတာနှင့် usb cable နှင့်ချိတ်ပါ။

ထိုကဲ့ သို့ မြင်ရပြီးနောက် လိုအပ်သောဖိုင်များ ကို အောက်ပါ အတိုင်း ပြုလုပ်ပါ။
  • PIT  –  totoro_0623.pit
  • Boot Loader  –  DefaultCalDataWithBoot_S5360DDLA1_REVO5.tar.md5
  • PDA  –  PDA_S5360DDLA1_REVO5.tar.md5
  • Phone  –  MODEM__S5360DDLA1_REVO5.tar.md5
  • CSC  –  GT-S5360-MULTI-CSC-ODDLA1.tar.md5
  • option တွင် Auto Reboot နှင့်. Reset Time ကိုသာအမှန်ခြစ်ပါ။
  • ထိုနောက် start ကို နှိပ်ပါ။ 
  • ငါးမိနစ် ခန့် စောင့်ပါ။  firmware တင်ခြင်း လုပ်ငန်း ပြီးမြောက်ပါပြီ။
  • ထို့နောက် recover mode ထဲ သို့ ၀င်ကာ Wipe Data/Factory Reset” and “Wipe Cache Partition”. ကို ပြုလုပ်ပါ။
  • ဖုန်း ကို reboot လုပ်ပါ။ firmware ပြန်တက်လာပြီးနောက် Android 2.3.6 DDLA1 သို့ အဆင့် မြှင့်တင်ပြီး ဖြစ်သွားပါပြီ။
  • Settings > About Phone > Firmware Version and check whether it displays “Android 2.3.6 DDLA1″.
ကိုဖိုးကောင်း blue sky service center






1 comment: