Wednesday, October 17, 2012

Galaxy Nexus Root လုပ်လို့မရဘူးဆိုသူများအတွက် Root လုပ်နည်းလေးပါ… Credit to Original Author Max Lee from www.galaxynexusroot.com

အဆင့် (၁)
Galaxy nexus ကို fastboot mode ထဲ ၀င်အောင်လုပ်ရပါမယ်… နောက်ဖုံးကိုဖြုတ်.. ဓါတ်ခဲကိုဖြုတ်ပြီး.. ဓါတ်ခဲပြန်ထဲ့လိုက်ပါ…
အဆင့် (၂)
အသံတိုးတဲ့ ခလုတ်.. အသံကျယ်တဲ့ ခလုတ်နဲ့ ပါဝါ ခလုတ်.. ၃ ခုစလုံးကို တစ်ပြိုင်နက် နှိပ်ထားပါ… ဒါဆို fastboot mode ထဲကိုဝင်သွားပါပီ…
အဆင့် (၃)
Fastboot mode ထဲရောက်နေတုန်းမှာ micro-usb cable နဲ့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ… ဖုန်းရဲ့အောက်ဆုံးမှာ “LOCK STATE - LOCKED” ဆိုတာလေးကို သတိထားကြည့်ပါ…
အဆင့် (၄)
GalaxyNexusRootNew.zip ဆိုတဲ့ ဖိုင်လေးကို download ဆွဲပီး Download ဆိုရင် Directory အောက်မှာ Unzip လုပ်ပေးပါနော်… C:\Documents and Settings\User\My Documents\Downloads အဲဒီလိုမျိုး Downloads ဆိုတဲ့ Folder အောက်မှာရောက်နေပါစေနော်.. အရေးကြီးတယ်နော်…
http://downloadandroidrom.com/file/GalaxyNexus/rooting/GalaxyNexusRootNew.zip
အဆင့် (၅)
USB Driver တင်ထားဖို့လိုပါမယ်… မရှိသေးတဲ့လူများ ဒေါင်းနိုင်ပါသည်…
http://downloadandroidrom.com/file/GalaxyNexus/rooting/Samsung_USB_Driver_for_Moblie_Phones_v1_4_6_0.exe
Driver တင်ပီးလို့ “Samsung Android ADB Interface” ဆိုတာမျိုးမတွေ့ဘူးဘဲ “Android 1.0” ဆိုတာမျိုးနဲ့ Exclamation mark နဲ့ပေါ်နေရင် update driver လုပ်ပေးရပါမယ်…
အဆင့် (၆)
Command prompt ဖွင့်လိုက်ပါ… ပီးရင်အောက်မှာရေးထားတဲ့အတိုင်းရိုက်လိုက်ပါ…
cd Downloads
cd GalaxyNexusRootNew
fastboot oem unlock
အဆင့် (၇)
ဖုန်းကိုပြန်ကိုင်လိုက်ပါ… အသံကျယ်တဲ့ ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ.. “YES” ဆိုတာကိုရောက်သွားပီဆိုရင် ပါဝါခလုတ်ကိုတစ်ချက်နှိပ်လိုက်ပါ…
အဆင့် (၈)
Command prompt ထဲမှာဒီလိုရိုက်ထဲ့ပါ…
fastboot flash recovery optimus_prime-touch-v5.5.0.4-6-GSM.img
fastboo flash recovery optimus လောက်ရိုက်ပီး TAB နဲ့ခေါ်သုံးလို့လဲရပါတယ်…
အဆင့် (၉)
ဖုန်းကို reboot ပြန်လုပ်ပါ… “CWM-SuperSU-v0.87.zip” ကိုဖုန်းရဲ့ Internal Storage ထဲကို copy ကူးထဲ့လိုက်ပါ…
အဆင့် (၁၀)
ဖုန်းကို reboot လုပ်ပီး recovery mode ထဲ ပြန်ဝင်ဖို့လိုပါမယ်… ဓါတ်ခဲ ဖြုတ်လိုက်ပါ… ပြန်ထဲ့လိုက်ပါ… ခလုတ် ၃ ခုတစ်ပြိုင်နက် နှိပ်ထားပါ…
အဆင့် (၁၁)
Fastboot mode ထဲရောက်နေတုန်းမှာကြည့်လိုက်ပါ… “LOCK STATE – UNLOCKED” လို့ရေးထားတာတွေ့ရပါလိမ့်မယ်…
အဆင့် (၁၂)
အသံတိုးတဲ့ ခလုတ်ကို နှိပ်ပီး အောက်ဆင်းသွားပါ… “Recovery mode” ဆိုတာရောက်သွားပါလိမ့်မယ်… ရောက်သွားရင် ပါဝါခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ… အဲဒါ ClockworkMod Recovery ထဲကိုရောက်သွားတာပါ…
အဆင့် (၁၃)
“Install zip from sdcard” ကိုရွေးပီး ပါဝါခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ…
အဆင့် (၁၄)
“choose zip from sdcard” ဆိုတာကိုရွေးပီး ပါဝါခလုတ်ကို တစ်ချက်နှိပ်ပါ…
အဆင့် (၁၅)
“CWM-SuperSU-v0.87.zip” ဆိုတာကိုရွေးပီး ပါဝါခလုတ်ကို တစ်ချက်နှိပ်ပါ…
အဆင့် (၁၆)
Install လုပ်လို့ပီးသွားပီဆိုရင် “Install from sdcard complete.” ဆိုပီးပေါ်လာပါလိမ့်မယ်…
အဆင့် (၁၇)
Reboot လုပ်လိုက်ပါ… SuperSU ဆိုတာလေးကို ဖုန်းထဲမှာတွေ့ရပါလိမ့်မယ်… Galaxy Nexus ကို root လုပ်လို့အောင်မြင်သွားပါပီ…

No comments:

Post a Comment