Monday, September 17, 2012
Huawei C8500 အတွက် Firmware အသစ်တင်နည်း (Version 2.2.1) (HOW TO)
Android အတွက် တစ်ခုထပ်တင်လိုက်ပါတယ်။ ဒီ Post ကလဲ MMAP မှာ ရှိမယ်ထင်တယ်ဗျ။ သေချာတော့ မသိဘူး။ ဒါမယ့် ကျွန်တော် Hands-on စမ်းသပ်ပြီးသားပါ။ ဒီဟာကတော့ အရင်က CDMA မှာ ခေတ်စားခဲ့တဲ့ C8500 အတွက် Android Froyo တင်တဲ့ Process လေးပါ။ အရင်ကဆို China Firmware ကြီးဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Google Account ကို ထည့်ပြီး Sync လုပ်ဖို့၊ နောက် Android v2.1 ဖြစ်တဲ့အတွက် Wifi tether လုပ်ဖို့ မလွယ်ကူခဲ့ပါဘူး။ အခုတော့ ဒီ Version က အဲဒါတွေကို ဖြေရှင်းပေးပါလိမ့်မယ်။ တစ်ခုပဲ ပြောချင်တာက ကျွန်တော် စမ်းသပ်ပြီးဖြစ်ပေမယ့် တစ်ခုခုမှားယွင်းသွားရင် "At your On Risk" ပါလို့။ ကျွန်တော်လည်း တတ်နိုင်သလောက် ဖြေသွားပေးပါ့မယ်။ ကဲ... စလိုက်ရအောင်ဗျာ...
  • အရင်ဆုံး Clockworkmod_2.504 နဲ့ C8500-2.2.1 ကို ကွန်ပျူတာထဲမှာ Folder တစ်ခုဆောက်ပြီး
    ဖြည်ထားလိုက်ပါ။
  • Phone ကိုပိတ်လိုက်ပြီး Vol Down + End Call + Power Button သုံးခုနှိပ်ပြီး Recovery mode
  • ကွန်ပျူတာနဲ့ Phone ကို USB ချိတ်လိုက်ပါ။
  • Clockworkmod_2.504 အထဲက Clockworkmod_2.504recoveryENG.bat ကို Run ပေးပါ။
  • USB ကြိုးကိုဖြုတ်ပြီး Reboot လုပ်လိုက်ပါ။
  • ပြန်တက်လာရင် Power Off ပြန်လုပ်ပြီး ၅ စက္ကန့်ခန့် Battery ဖြုတ်ထားပေးပါ။
  • နောက် Call Button + Vol Up ကို နှိပ်ပြီး Power On ပေးပါ။ ClockworkMod Recovery (CWM)
    တက်လာပါလိမ့်မယ်။
  • Nandroid Backup လုပ်ထားပေးပါ။
  • စက်ကိုပိတ်ပြီး SD Card ကို ထုတ်ပြီး Format ရိုက်ကာ C8500-2.2.1 ကို ဖြည်ထားတဲ့နေရာက
    DLoad ကို SD Card ထဲ ထည့်ပေးပါ။
  • နောက် End Call + Vol Up ကို Updating ဆိုတဲ့ စာတန်းမပေါ်မချင်း နှိပ်ထားပေးပါ။
  • Updating ပြီးရင် Updating Failed ဆိုတာ ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။
    Power Off လုပ်ပြီး End Call + Vol up ပြန်နှိပ်ကာ နောက်ထပ်တစ်ကြိမ်ထပ်ပြီး Update လုပ်ပေးပါ။
    Update Complete ပြပါလိမ့်မယ်။
  • First Boot အနေနဲ့ အနည်းငယ်တော့ ကြာနိုင်ပါတယ်။
  • Features: NO CHINESE APPs
                   GOOGLE ACCOUNT may sync.
                   Android Froyo (v2.2)
  • *Data အားလုံးကို (Contacts,SMS,...) တွေကို Backup လုပ်ထားပေးရပါမယ်။ (Stock Rom ကိုပါ
    Download ဆွဲပြီး သိမ်းထားပေးနိုင်ရင် ပိုကောင်းပါလိမ့်မယ်။) အခုတော့ Original Download Link တွေပဲ တင်ပေးထားပါတယ်။ နောက် အချိန်ရရင် (ကွန်ကောင်းရင်) Rar ချုပ်ပြီး Mediafire မှာ ပြန်တင်ပေးပါ့မယ်။*
ကျွန်တော်ရေးတဲ့ စာကြောင်းလေးတွေကြောင့် လူတစ်ဦးတစ်ယောက်အကျိုးရှိသွားမယ်ဆိုရင်
ကျွန်တော် ရေးရကျိုးနပ်ပါတယ်…
ပစ်တိုင်းထောင် (Alex)
2
No comments:
Post a Comment