Saturday, September 1, 2012

Huawei U8818 & C8812 ကို အလန်းဆုံးလုပ်မယ်


အခုပြောပြပေးမှာကတော့ Huawei U8818 & C8812 ကို အခြား Android ဖုန်းတွေ နည်းတူ application အားလုံးကို အသုံးပြုလို့ရအောင် ပြင်ဆင်နည်းဖြစ်ပါတယ်။ firmware update to 4.0.3, root, Myanmar font, Myanmar keyboard, CWM, google application သွင်းနည်း အစရှိတာတွေကို တနေရာတည်းမှာ တစုတဝေးတည်း ရနိုင်ပါပြီ။
အရင်ကသုံးလို့မရတဲ့ talk, gmail, maps, google earth, viber အစရှိတဲ့ application တွေတစ်ခုမကျန်သုံးလို့ရပါပြီ။

၁။ အရင်ဆုံး Android version 4.0.3 ကိုမြှင့်ပါမယ်။
ဒီနည်းလေးအတိုင်းမြှင့်လိုက်ပါမခက်ပါဘူး။ >> http://friendsmyanmar.org/forum/topics/huawei-u8818-ics-4-0-3

အရင်ဆုံးလိုအပ်တာလေးတွေနဲနဲပြောပြမယ်နော်။
၁။ သင် u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
Firmware Download
ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။
dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။
ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။
Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို
ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း
စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ကဲစမယ်နော်။
၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select "OK"
ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။

၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။
ထိုအချက်အလက်များအားသေချာ ဖတ်ပြီး တစ်ဆင့်ခြင်း လုပ်သွားလျှင် မရစရာ မရှိကြောင်းအာမခံပါတယ်။
သင့်ဖုန်း ဟာ Huawei u8818 ဖြစ်ရုံနဲ့တင် ICS တင်လို့ရပါတယ်။ အများကြီးမစဉ်းစားစေချင်ပါဘူး။
Original Firmware
၈။ Boot မှ ဆက်မတက်ပဲ Firmware ကျသွားသူများကတော့
သင့် ORIGINAL Firmware တင်ရင်လဲ ဒီအတိုင်းပဲတင်ရပါတယ်။ အထက်မှာ ပြောထားတဲ့ နာပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော - ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။
ထိုနည်းပညာ ကို Huawei U8818 ကိုင်တဲ့ သူငယ်ချင်းများအားလုံးကိုသိစေချင်တဲ့ ဆန္ဒ ပါ။ ကျွန်တော် ၂ညတိတိ မအိပ်မနေ လေ့လာခဲ့ရတာပါ ခင်ဗျာ။ လုံးဝမှန်ကန်ပါကြောင်း အာမခံပါတယ်။
Huawei U8812 ကိုလဲ သူ့ original firmware( Part 1download ////// Part2Download )များ update firmware များအား ဒေါင်းကာ ထိုနည်းတွေအတိုင်းလုပ်နိင်ပါတယ်ခင်ဗျာ။
Name : AungThiha
JOB : AhtarOo Co.,LTD
Work station : IT Service Engineer
Mobile : 09421077346
Website : formymobile.blog.com

C8812 build number (B926) အတွက် firmware ကတော့ ဒီမှာဒေါင်းလိုက်ပါ။ http://59.51.114.6/file/MDAwMDAwMDFZQYixjhyIDy7WTzgxXT8r0izWtuNRPWHQUefg222ccA../84f5433682ff7b48eae96c58d2a1a4c513dc57c3/%E5%8D%8E%E4%B8%BAAscend%20C8812%E5%9B%BA%E4%BB%B6%28C8812%2CAndroid%204.0%2CV100R001C92B926%2C%E4%B8%AD%E5%9B%BD%E7%94%B5%E4%BF%A1%EF%BC%8C05010XDJ%29.7z?key=AAABQFAv0OXceU9D&p=&a=34967110-cb514615&mode=download
တင်ပုံတင်နည်းက တော့ U8818 တင်နည်းနဲ့ အတူတူပါပဲ။

၂။ official ICS ကို root လုပ်မယ်။
unlockbootloader.exe ကိုဒေါင်းပါ >> http://www.mediafire.com/?m28766pxgyxdx1d
(က) unlockbootloader.exe ကို run လိုက်ပါ။
(ခ) ဖုန်းကို unknown source နဲ့ usb debugging ကို အမှန်ခြစ်ထားပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
(ဂ) ကွန်ပျူတာတွင် run ထားသော unlockbootloader.exe မှ bootloader ကိုနှိပ်လိုက်ပါ။
ခဏစောင့်ပါ။ unlockbootloader.exe ပြန်ပိတ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ bootloader unlock လုပ်တာပြီးသွားပါပြီ။
(ဃ) root လုပ်ဖို့ အတွက် unlockbootloader.exe ကိုပြန် run ပါ။ root ဆိုတာကို နှိပ်ပါ။
ခဏစောင့်ပါ။ unlockbootloader.exe ပြန်ပိတ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ root လုပ်လို့ပြီးပါပြီ။ ဖုန်းထဲမှာ super user ပုံလေးမြင်ရပါပြီ။

၃။ မြန်မာဖောင့်ထည့်မယ်။
fontchanger ကိုဒေါင်းပါ။ >> https://www.dropbox.com/s/7jqq5m9dpgmruhz/FontChanger.apk
ဒေါင်းလို့ရလာတဲ့ fontchanger.apk ကို ဖုန်းထဲမှာ install လုပ်ပြီး run လိုက်ပါ။ ပြီးရင် ဇော်ဂျီဖောင့်ချိန်းရန် ကိုနှိပ်လိုက်ပါ။ ဖုန်း reboot ကျသွားပါလိမ့်မယ်။ မြန်မာဖောင့်ထည့်လို့ပြီးပါပြီ။

၎။ မြန်မာကီးဘုတ် ထည့်မယ်။
frozen keyboard ကိုဒေါင်းရန် >>https://www.dropbox.com/s/iwy3j9mgbc2fbyh/FrozenKeyboard_1.1.3%20by%20www.myanmarmobileapp.cm.apk
ဒေါင်းလို့ရလာတဲ့ frozenkyeboard ကို ဖုန်းထဲမှာ install လုပ်ပါ။ ပြီးလျှင် setting/ Language & input/ အဲဒီ အထဲမှာ forzenkeyboard ကို အမှန်ခြစ်ပါ။ အပေါ်က default ကို နှိပ်ပြီး frozenkeyboard ကိုရွေးလိုက်ပါ။

၅။ CWM တင်မယ်။
Easy CWM Recovery Installer ကိုဒေါင်းရန် >> http://www.multiupload.nl/H9KCMGV1UJ
(က) fast boot mode ၀င်မယ်။ ဖုန်း setting ထဲမှာ fast boot ကို အမှန်ခြစ်ဖျောက်ထားပါ။ ဖုန်းကို power ပိတ်လိုက်ပါ။ battery ကို ၁၀ စက္ကန့်လောက်ဖြုတ်ထားပါ။ battery ပြန်ထည့်ပါ။
(ခ) ဖုန်း power နှင့် volume down key ကို တွဲပြီး ၁၀ စက္ကန့်လောက်နှိပ်ထားပါ။ ပြီးလျှင် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
(ဂ) ဒေါင်း၍ ရလာသော CWM-Easy-Installer.zip ကို zip ဖြေလိုက်ပါ။ အဲဒီ အထဲမှာ ကွန်ပျူတာ အမျိုးအစားပေါ်လိုက်ပြီး CWM တင်ရန် ဖိုင်တွေပါပါတယ်။
ကွန်ပျူတာက window OS ဖြစ်လျှင် install-cwmrecovery-windows.bat ကို double click နှိပ်လိုက်ပါ။
ကွန်ပျူတာက Linux OS ဖြစ်လျှင် install-cwmrecovery-linux.sh ကို double click နှိပ်လိုက်ပါ။
ကွန်ပျူတာက Mac OS ဖြစ်လျှင် install-cwmrecovery-mac.sh ကို double click နှိပ်လိုက်ပါ။
ဖုန်း restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ CWM တင်ပြီးပါပြီ။

၆။ Google Application တွေ ထည့်မယ်။
ICS google package ဒေါင်းရန်>> http://goo.im/gapps/gapps-ics-20120429-signed.zip
(က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။
(ခ) ဖုန်းကို ပိတ်လိုက်ပါ။ ပြီးလျှင် power နှင့် volume up key ကို ၁၀ စက္ကန့်လောက်တွဲနှိပ်ပါ။ CWM recovery mode ထဲ ၀င်ပါလိမ့်မယ်။
(ဂ) ပြီးလျှင် install zip from sdcard > choose zip from sdcard > gapps-ics-20120429-signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။
(ဃ) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။
အခုဆိုရင်တော့ Huawei U8818 ဖုန်းလေးဟာ တခြား android ဖုန်းတွေလို ဘယ် application ကို မဆို ထည့်လို့ရပါပြီ။ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။

8 comments:

  1. fifa 12 ဆော့ရတာလေးသွားပါတယ် game booster သုံးထားလည်းမရပါဘူးပြီးတော့ assession's creedဆော့လို့လည်းရတော့ဘူး ဂီမ်းဆော့ဖို့အဆင်ပြေ အောင် ကူညီပါဦး

    ReplyDelete
  2. အကိုရေ
    Huawei C8812 build number (B926) အတွက် firmware ကိုဘယ်လိုဒေါင်းရမလဲ။ login ၀င်ပြီလုပ်တာလဲမရလို့ပါ။ နောက်ပြီ တရုတ်စာတွေနဲ့ ဘယ်နေရာမှာ ဒေါင်းရမလဲ။ တချက်လောက် ပြောပြပေးပါဦး။ အရေးကြီးလို့ပါ။ ပြန်ပြီအကြောင်းပြန်ပေးပါခင်ဗျာ။ ကျေးဇူတင်ပါတယ်........

    ReplyDelete
  3. ကျေးဇူးပြုပြီးအကိုရေ ပြောပြ ပေးပါဦး။ c 8812 ( 4.0.3 ) ရဲ့ system design ရော dock (icon) ပုံစံတွေ မကြိုက်လို့ custom rom - xperia style firmware ပြောင်းတင် ထားလို့ အဆင်ပြေတဲ့ဟာတွေ ပြေသွားပေမယ့် dock, icon style တွေ, dialer screen တွေ, lock တွေက တော့ ကျွန်တော်မနှစ်သက်တဲ့ပုံစံတွေဖြစ်နေ သေးလို့ ဘယ်လိုလုပ် ရ မယ်ဆိုတာ (သို့) system design တစ်ထုလုံးပြောင်းသွားမယ့် xperia design firmware (or) other firmware ကောင်းကောင်းမျိုးရှိရင် ကျေးဇူးပြု အချိန်လေးပေးပြီးကူညီပေးပါဦးနော်။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အခုလို အပင်ပန်းခံပြီးပြီး တင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ကို အောင်သီဟ ခင်ဗျာ နောက်ထပ်...

    ReplyDelete
  6. အကိုရေကျွန်တော်ဖုန်းက u8818ပါ version 4.0.3တင်ထားတယ် version ပြန်ချချင်လိုဘယ်လိုလုပ်ရမလဲ။ဘာတွေလိုအပ်မလဲပြောပေးပါကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. ကျွန်တော်အရမ်ဒုက္ခရောက်နေလိုပါအကို

    ReplyDelete
  8. Gasp.zip ကဒေါင်းနေရင်းနဲ့ client error ဖြစ်ဖြစ်နေတယ် လိုင်းကြောင့်လည်းမဟုတ်ဘူး သုံးခါရှိပြီ ဘယ်လိုလုပ်ရမလဲ?

    ReplyDelete