Monday, August 13, 2012

Android ဖုန်းတွေအတွက် ဆော့ဝဲတွေသွင်းတာများလို့ ဖုန်းသုံးရတာမလေးအောင် ကူညီပေးမယ့် Link2sd


ဒီ application လေးကို ကျွန်တော်ပေးရတဲ့ ရည်ရွယ်ချက်က Android version 2.1 ပဲ၇ှိတဲ့ ဖုန်းတွေမှာ App2sd လို့ခေါ်တဲ့ application တွေကို
ဖုန်း internal memory ထဲမှာမသွင်းဘဲ sd card ပေါ်မှာ သွင်းတဲ့ function မပါပါဘူး။ အဲဒီဖုန်းတွေအတွက် အခုပေးတဲ့ application က
အလွန်သင့်တော်မှာပါ။ ဖုန်း internal memory ထဲမှာ သွင်းတာများရင် စက်က သုံးရတာလေးလာပါတယ်။ အဲဒီတော့ ကိုယ်သွင်းချင်တဲ့ application
တွေကို sd card ပေါ်မှာ install လုပ်ထားတာအကောင်းဆုံးပါပဲ။ သွင်းနည်းကို အောက်မှာပြောပြပါမယ်။ အရင်ဆုံး link2sd လေးကို အရင်ယူထားလိုက်ပါဦး။
Link2sd ကိုရယူရန်

link2sd ကိုယူပြီးပြီဆိုရင် ဖုန်းထဲမှာ အရင်သွင်းထားလိုက်ပါ။ ဒါပေမယ့် link2sd ကို သုံးလို့ရသေးမှာမဟုတ်ပါဘူး။ သူက second partition not found ဆိုပြီးသတိပေးပါလိမ့်မယ်။အဲဒီတော့ အရင်ဆုံး ဖုန်းရဲ့ sd card ကို partition နှစ်ပိုင်း ပိုင်းရပါမယ်။ တစ်ပိုင်းက သာမန်အသုံးပြုတဲ့အတိုင်း သီချင်းထည့်တာတွေ ၊ ဖိုင်တွေသိမ်းတာတွေအတွက်ဖြစ်ပြီး
အခု နောက်ထပ်ပိုင်းရမယ့် partition ကတော့ sd card ပေါ်မှာ application တွေသွင်းဖို့ဖြစ်ပါတယ်။ Link2sd နဲ့သွင်းဖို့ partition ပိုင်းထားရပါမယ်။
partition ပိုင်းဖို့ကို Mini Partition Wizard Home Edition ဆော့ဝဲကိုသုံးပါ။ အဲဒီ software နဲ့ ပိုင်းရတာက သူက size သေးပြီး sd card ထဲက ရှိပြီးသား data တွေကိုလည်း ဖျက်စရာမလိုပါဘူး ၊အဲဒါက ကွန်ပျူတာ ထဲမှာသွင်းရမှာပါ။အောက်မှာရယူလိုက်ပါ။
Mini partition wizard Home Edition ကိုကွန်ပျူတာထဲမှာသွင်းပြီးပြီဆိုရင် ဖုန်းရဲ့ sd card ကိုကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ ပြီးရင်
Mini partition wizard ဆော့ဝဲကိုဖွင့်လိုက်ပါ။ အဲဒီမှာ ဖုန်း sd card ရဲ့ လက်ရှိ partition နဲ့ memory size ကိုမြင်ရပါလိမ့်မယ်။
Mini Partition wizard ထဲမှာပေါ်လာတဲ့ ဖုန်းရဲ့ partiton ပေါ်မှာ right-click နှိပ်လိုက်ပါ။ အဲဒီထဲက move/resize ကိုရွေးပါ။
အောက်မှာပြထားတဲ့ ပုံအတိုင်းပေါ်လာပါလိမ့်မယ်။ အောက်ကပုံထဲက အတိုင်းလုပ်ပါ။
ပြီးရင် Unallocated space ဆိုပြီး ခုနကပိုင်းထားတဲ့ partition အသစ်လေးပေါ်လာပါလိမ့်မယ်။ အဲဒီ Partition ပေါ်မှာ right-click နှိပ်။ create
ကိုရွေးလိုက်ပါ။ သူက သတိပေးလာပါလိမ့်မယ် ။ အဲဒီ Partition အသစ်ကို မြင်ရမှာမဟုတ်ပါဘူးဆိုပြီး။ ok နှိပ်ပြီး ဆက်ဝင်ပါ။ အဲဒီမှာ ပေါ်လာတဲ့
box ထဲက partition label ကို ကိုယ်နှစ်သက်ရာနာမည်ပေးပါ။ file system အတွက် ext2 ကိုရွေးပါ ။ create as: ဆိုတာကို Primary ပေးရပါမယ်။
Primary ပေးရာမှာ အရင် ရှိနေတဲ့ Partition ကိုရော အခု အသစ်ထပ်ပိုင်းထားတဲ့ partition ရော နှစ်ခုစလုံး Primary ကို select လုပ်ထားရမှာပါ။ ( အရင်
partition က Primary မဖြစ်သေးရင် အခုလုပ်သလိုပဲသွားလုပ်လိုက်ပါ။) ပြီြး့ပီဆိုရင် ok ကိုနှိပ်ပါ။ အဲဒီ Box လေးပျောက်သွားရင် Mini Partition wizard
ရဲ့ အပေါ်ဆုံး ဘေးနားက Apply ဆိုတာကို နှိပ်ပါ။ ဒါဆို partition စပိုင်းပါပြီ။ ပိုင်းပြီးသွားရင် sd card ကို ဖုန်းထဲပြန်ထည့်ပါ။ ပြီးရင် ဖုန်းကို restart ချပါ။
ပြီးရင် ဖုန်းကိုပြန်ဖွင့်ပြီး Link2sd ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ သူက ext2 လား ext3 လား တခြား file system တွေကို ရွေးခိုင်းရင် ext2 ကိုပဲရွေးလိုက်ပါ။
ပြီးရင် သူက စက်ကို restart နောက်တစ်ခေါက်ပြန်ချခိုင်းပါလိမ့်မယ်။ restart ချပြီးလို့ ဖုန်းကို ပြန်ဖွင့်ပြီးပြီဆိုရင် Link2sd application ကို စသုံးလို့ရပြီဖြစ်ပါတယ်။ ဖုန်းထဲမှာသွင်းထားတဲ့ application ကို ကဒ်ထဲကို ရွေ့ချင်ရင် link2sd ထဲကိုဝင်လိုက်ပါ ။ အောက်ပုံမှာပြထားတဲ့အတိုင်း
application list ပေါ်လာပြီဆိုရင် အဲဒီ list ထဲကနေ ကိုယ်ရွေ့ချင်တဲ့ application ထဲကိုဝင် ပြီးရင် create link ကိုနှိပ်ပါ။ ဒါဆို ဖုန်းထဲက application ဟာ ကဒ်ထဲကို ရောက်သွားပါပြီဖြစ်ပါတယ်။
မူရင်း ပို့စ် http://www.myanmarmobileapp.com/?p=1224

No comments:

Post a Comment