





ဒီကာစတန်ရွန်လေးကတော့ Galaxy Y S-5360 သမားတွေအတွက် Jelly Bean Custom Rom လေးပဲဖြစ်ပါတယ် ။ ကို Htet Wai Yan Tun ဖုန်းမှာ
အောင်မြင်စွာစမ်းသပ်ပီးဖြစ်လို့ တခြား Galaxy Y သမားများ JB နဲ့လန်းရအောင် doc လုပ်ပီးတင်ပေးတင်ပေးလိုက်ပါတယ် ။
Custom Rom သုံးမယ်ဆိုမိမိဖုန်းဟာ အမြစ်တူးပြီးသားဖြစ်ဖို့လိုအပ်ပါတယ် ။ Root မလုပ်ရသေးတဲ့သူများ ဒီလင့်မှာကြည့်ပီး လုပ်နိုင်ပါတယ် ။
ပထမဦးစွာ မိမိဖုန်းရဲ့ အရေးကြီးဒေတာများကို မိမိနှစ်သက်ရာ app နဲ့ backup လုပ်ထားစေချင်ပါတယ် ။
ကဲလုပ်ငန်းးစဉ်လေးစလိုက်ကြရအောင် ။
အမှတ်စဉ် (၁) ။ ပထမဦးစွာ Jelly Bean Custom Rom ကိုအောက်ကလင့်ကနေတဆင့်ဒေါင်းပေးပါ ။
ဒါလေးကတော့ Status Bar Panel အတွက်ပါ ။
ဒါလေးကတော့ Boot Animation အတွက်ပါ ။
အမှတ်စဉ် (၂) ။ ဒါင်းထားတဲ့ ဖိုင်သုံးခုကို SD card ထဲသို့ကော်ပီကူး ထည့်လိုက်ပါ ။
အမှတ်စဉ် (၃) ။ ဖုန်းကိုပါဝါပိတ် shutdown လုပ်လိုက်ပါ ။
အမှတ်စဉ် (၄) ။ ထို့နောက် Recovery mode ကိုသွားပါမယ် ။ power button + Volume up + Home button ကိုတပြိုင်ထဲဖိထားပေးပါ ။
Galaxy Y လို့စာတန်းစပေါ်လာတာနဲ့တပြိုင်ထဲဖိထားတာကို release လုပ်ပေးပါ ။ အဲဒီအခါ Recovery mode ထဲသို့ရောက်ရှိသွားပါလိမ့်မယ် ။
အမှတ်စဉ် (၅ )။ ထို့နောက် data နဲ့ cache ကို wipe လုပ်ပေးပါ ။ ( မိမိဒေတာများအား ဖျက်ပစ်မည်ဖြစ်သောကြောင့် အရေးကြီး ဒေတာများအား ကြိုတင်ပီး ဘက်အပ်ပြုလုပ်ထားစေချင်ပါသည် ။ )
အမှတ်စဉ် (၆)။ ထို့နောက် install from sd card ဆိုတာကိုနှိပ်လိုက်ပါ ။ အဲဒီနောက်မှာ ဖုန်း sd card ထဲထည့် ထားတဲ့ ဖိုင် ၃ ခုအနက်က JellyBlastGenED.signed.zip ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ ။
ထို့နောက် Yes It will be installed ကိုနှိပ်လိုက်ပါ ။ အဲဒီအခါမှာ လိုအပ်တဲ့ဖိုင်တွေကို စပီး အင်စတောပြုလုပ်နေပြီဖြစ်ပါတယ် ။
အမှတ်စဉ် (၇) ။ အင်စတောပြုလုပ်ပီးပါက မိမိဖုန်းအား reboot လုပ်လိုက်ပါ။ ထို့နောက် မိမိဖုန်းတွင် media scanning completed ဖြစ်တဲ့အထိစောင့်ပေးပါ ။ ဒါဆိုလုပ်ငန်းစဉ်အားလုံးပြီးဆုံးသွားပီဖြစ်ပီး
သင့်ရဲ့ဖုန်းလေးဟာ Jelly Bean 4.1 မောင်းနှင်နေတဲ့ ဖုန်းလေးဖြစ်လို့သွားပါပြီ ။
( Optional )
အကယ်ရွေ့ မူရင်းပါတဲ့ boot animation ဟာနှေးကွေးတယ်လို့ယူဆရင် sd card ထဲကော်ပီကူးထားတဲ့
signed_JellyBlastBootanimationFix.zip ဆိုတဲ့ဖိုင်ကို recovery mode ထဲသွားပီး အပေါ်ကနည်းအတိုင်း install ပြုလုပ်နိုင်ပါတယ် ။

အကယ်ရွေ့ အထက်မှာပြထားတဲ့ ပုံအတိုင်း Galaxy Nexus မှ softkey ကိုလိုချင်ရင် အောက်မှာပေးထားတဲ့လင့်ကိုဒေါင်းလုဒ်ပြုလုပ်ပီး အထက်ကနည်းအတိုင်း recovery mode ထဲမှအင်စတောပြုလုပ်နိုင်ပါတယ် ။
Htet Wai Yan Tun ရေတင်လိုက်ပီဗျိုးးးးးးးးးးးးးးးးးးးးးးး
အားလုံးအဆင်ပြေနိုင်ကြပါစေ။
No comments:
Post a Comment