Monday, August 13, 2012

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၂)



ရှေ့အပိုင်းက အဆက်ဖြစ်တဲ့ တာပုံစီနည်းမှာ သဲအိတ်တာရဲ့အခြေကို သဲအိတ်တာရဲ့ အမြင့်ရဲ့ နှစ်ဆနဲ့ စီတဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။

ပုံ (၄) တာပုံစီနည်း (၂)

သဲအိတ်တွေကို စီတဲ့နေရာမှာ သဲအိတ်တွေကို အချင်းချင်း ထပ်တဲ့နေရာဟာ အလွန်အရေးကြီးပါတယ်။ သဲအိတ်တွေကို တစ်ဝက်၊ ဒါမှမဟုတ် သုံးပုံ နှစ်ပုံပဲ ထည့်ထားတဲ့အတွက် သံအိတ်တွေမှာ သဲမရှိတဲ့ အပိုင်းတွေ ရှိနေပါလိမ့်မယ်။ အဲ့ဒိ သဲလွတ်နေတဲ့ အိတ်ခွံအပိုင်းကို အခြားအိတ်တစ်ခုက အပေါ်ကနေ ဖိစီပြီး ထပ်သွားခြင်းအားဖြင့် သဲအိတ်များအကြား အကြားအလပ်နည်းခြင်း၊ ရေစိမ့်ဝင်မှု နည်းပြီး ကာကွယ်နိုင်မှု မြင့်မားခြင်း၊ တစ်အိတ်နဲ့တစ်အိတ် ထောက်ပံ့ထားနိုင်သည့်အတွက် ခိုင်ခန့်ခြင်း၊ အလွယ်တကူ ကျိုးပေါက် ပျက်စီးနိုင်မှု မရှိခြင်း စတဲ့အကျိုးတွေ ရနိုင်ပါတယ်။

ပုံ (၅) သဲအိတ် နေရာချပုံ (၁)

ပုံ (၆) သဲအိတ် နေရာချပုံ (၂)

သဲအိတ်တွေကို နေရာချတဲ့အခါမှာ သဲပြည့်ပြီး တင်းနေတဲ့ ဘက်ကို ရေလာရာဘက်ဆီမှာ ထားပြီးတော့ စီသင့်ပါတယ်။

ပုံ (၇) သဲအိတ်နေရာချပုံ (၃)

သဲအိတ်တွေကို အလွှာလိုက် နေရာချပြီးတော့ စီတဲ့နေရာမှာ ပထမတန်းရဲ့ သဲအိတ်နှစ်ခုချင်စီ အဆက်နေရာတွေကို နောက်တစ်တန်းမှာ အုတ်စီသလို ပြန်ကာပြီးတော့ စီခြင်းအားဖြင့် ရေယိုစိမ့်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါမယ်။ သဲအိတ်တွေရဲ့ ခိုင်ခံမှုကိုလဲ ပိုမိုအားကောင်းစေပါတယ်။

ပုံ (၈) သဲအိတ်တာ၏ ပထမအလွှာ စီပုံကို အပေါ်စီးမှ မြင်ရပုံ

သဲအိတ်တွေ စီကြတော့မယ်ဆိုရင် အရေးကြီးတာက စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် လုပ်ဖို့ပါပဲ။ ရေတက်လာပြီဆိုရင် သဲအိတ်စီတဲ့သူ အတော်များများက အလောတကြီးနဲ့ အလျှင်စလို လုပ်တတ်ကြတာ များပါတယ်။ သေသေချာချာ ကြိုတင်ပြင်ဆင်ခြင်း မရှိတဲ့ သဲအိတ်စီခြင်းတွေက လုပ်အားကို ဖြုန်းတီးတာ သက်သက်ပါပဲ။ သဲအိတ်စီတဲ့ ပုံစံနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ဖော်ပြပေးလိုက်ပါတယ်။

ပုံ (၉) သဲအိတ်စီနည်း အမှန်

ပုံ (၁၀) သဲအိတ်စီနည်း အမှား

အပေါ်က ပုံတွေကို ကြည့်မယ်ဆိုရင် ပုံစံအမှန်က အကြားအလပ်နည်းပြီး ပုံစံအမှားမှာက အကြားအလပ်တွေ များတာကို တွေ့နိုင်မှာပါ။ လက်တွေ့မှာဆိုရင် ပိုပြီးတော့ ဆိုးတဲ့အနေအထားကို ကြုံနိုင်ပါတယ်။ အကြားအလပ်နည်းတယ်ဆိုတာ သဲတာရဲ့ ခိုင်ခန့်မှု၊ ရေစိမ့်ဝင်နိုင်မှု နည်းပါမှု၊ ကာကွယ်နိုင်စွမ်း မြင့်တာတွေရဲ့ ပြယုတ်ပါပဲ။ ဘာပဲပြောပြော အထူးသတိထားရမှာက သဲအိတ်တစ်လွှာ ခင်းပြီးတိုင်း ကြားထဲက လစ်လပ်နေတဲ့ နေရာတွေကို သဲနဲ့ဖြည့်ပေးဖို့ပါပဲ။

ဆက်ရန်...

Luminox
11.8.2012

No comments:

Post a Comment