Friday, August 24, 2012

Samsung Galaxy S2 GT I9100 ကို Official ICS 4.0.4 တင်ရအောင်


Samsung Galaxy S2 GT I9100 ကို Official ICS 4.0.4 တင်ရအောင်




အရင်ဆုံး firmware မြှင့်တော့မယ်ဆိုရင် ဆိုတဲ့ post လေးကို ဖတ်ကြည့်ပေးပါ။
ပြီးရင်တော့ လိုအပ်တာလေးတွေဒေါင်းရပါမယ်။



ICS 4.0.4 XWLPO Firmware Package (388.3 MB) (ဒေါင်းပြီး zip ဖိုင်ဖြည်ထားပါ)
Odin (456.59 KB)
USB Driver For Samsung Mobile (22.9 MB) (တင်ပြီးသားဆိုရင် ပြန်တင်ဖို့ မလိုတော့ပါဘူး)

ပြီးရင် Download Mode ထဲဝင်ဖို့ ဖုန်းပိတ်ပါ။
PC မှာ Odin ကို အဆင်သင့်ဖွင့်ထားလိုက်ပါ။
ပိတ်ပြီးသွားရင် Volume Down + Home + Power နှိပ်ပြီး Download Mode ထဲဝင်ပါ။
ပြီးရင် Computer နဲ့ USB ကြိုးကတဆင့် ချိတ်လိုက်ပါ။ ဒါဆိုရင် Odin ထဲမှာ COM Section မှာ အဝါရောင်လေး ဖြစ်သွားပါမယ်။

Re-partation မှာ အမှန်မခြစ်ပါနဲ့ ။ Auto Reboot နဲ့ F.Reset Time မှာ အမှန်ခြစ်ပါ။
ပြီးရင် PDA နေရာမှာ ခုန zip ဖြည်ထားတဲ့ထဲက md5 ဖိုင်ကို ရွေးပေးလိုက်ပါ။
အကုန်ပြီးသွားရင်တော့ Start ကို နှိပ်လိုက်ပါ။

၎-၅ မိနစ်လောက် သူ့ဟာသူ update လုပ်အပြီးမှာတော့ ဖုန်း restart ကျသွားပါလိမ့်မယ်။
ဒါဆိုရင်တော့ သင့်ဖုန်းကို PC ကနေဖြုတ်လိုက်ပါ။ ပြီးတော့ ဖုန်းကိုလည်း ပြန် switch off လုပ်လိုက်ပါ။
ဒါမှ Recovery Mode ထဲဝင်လို့ရမှာမို့ပါ။

Recovery Mode ထဲဝင်ဖို့ Volume Up+Home ကိုတွဲနှိပ်ပြီး Power ခလုပ်ကို နှိပ်လိုက်ပါ။
Wipe Data/Factory Reset ထဲက Wipe Cache Partation ကို ရွေးပေးပါ။
ပြီးရင် Reboot Now ရွေးလိုက်ပါ။

ဒါဆို ဖုန်းပိတ်သွားပြီး ပြန်တက်လာရင် သင့်ဖုန်းဟာ Android Version 4.0.4 ဖြစ်သွားပါပြီ။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ... 
မူရင်း ပို့စ်  http://www.freemyanmarandroidmarket.blogspot.com/2012/08/samsung-galaxy-s2-gt-i9100-official-ics.html#more

No comments:

Post a Comment